Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦး အရက်မူးပြီး ရေကန်မှရေခပ်သွားရာ၌ ရေနစ်သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦး အရက်မူးပြီး ရေကန်မှရေခပ်သွားရာ၌ ရေနစ်သေဆုံး

ABN-ထက်မြတ်ခင်

ဩဂုတ် ၂၂ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွားမှ အမျိုးသားတစ်ဦး အရက်မူးပြီး ရွာရှိသောက်ရေကန်မှ ရေခပ်သွားရာ၌ ရေနစ်သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာမှ အသက် ၆၀အရွယ် ဦးသန်းမောင် (ခ) ကျန်အောင်ချေဖြစ်ကြောင်းသိရသည်။

ဦးသန်းမောင်မှာ ရွာရှိ ဘုန်းကြီးကျောင်းအနောက်ဘက်တွင်ရှိသော သောက်ရေကန်၌ ရေအမြဲခပ်လေ့ရှိသူဖြစ်ပြီး ယမန်နေ့ ညနေအချိန်က အရက်အနည်းငယ်ပြီး ရေသွားခပ်ရာ၌ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏အိမ်နီးချင်းဖြစ်သူ ဦးဘစံသိန်းကပြောသည်။

“သူက အရက်တော့အနည်းငယ်သောက်တတ်ပါတယ်၊ ယမန်နေ့ည ၅နာရီ ၆ နာရီအချိန်ခန့်က ရေခပ်သွားရာကပျောက်ဆုံးနေတာဖြစ်မယ်၊ သူပြန်မရောက်တာကို သူ့မိန်းမဖြစ်သူက ဘယ်သူ့ကိုမှ မပြောတာမရှိတော့ မသိကြတာပါ၊ ဒီနေ့ မနက် အလောင်းကိုတွေ့တော့မှသိတာ” ဟုပြောသည်။

သေဆုံးသွားသူ ဦးသန်းမောင်၏ ရုပ်အလောင်းကို ယနေ့ နေ့လယ် ၂နာရီအချိန်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ယခုနှစ်မိုးရာသီအတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၀နီးပါးရှိပြီဖြစ်ကြောင်း ABNမှ စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ