Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် နွားမျက်လုံး​ နာရောဂါများဖြစ်ပွားနေ

ပုဏ္ဏားကျွန်းမြို့နယ်တွင် နွားမျက်လုံး​ နာရောဂါများဖြစ်ပွားနေ

ABN-ရာဟု

ဇူလိုင် ၂၇ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများတွင် ကျွဲ ၊နွားများ မျက်လုံးနာရောဂါဖြစ်ပွားနေကြသည်ဟု သိရှိရသည်။

ကျွဲ ၊နွားများ၏ မျက်လုံးများတွင် ရောင်ရမ်းလာကာ မျက်ရည်များစီးကျလာခြင်းကြောင့် မျက်လုံးမမြင်ဘဲဖြစ်သွားရသည့် ကျွဲ၊ နွားများရှိကြောင်း ရွာသားများက ပြောသည်။

အစတွင် နားမျက်လုံးကို တစ်ဦးဦးက ခဲလုံးဖြင့် ပစ်လိုက်သည့်အတွက် ဖြစ်သည်ဟု နွားပိုင်ရှင်က ယူဆခဲ့သော်လည်း ထိုသို့ မျက်လုံးနာသည်မှာ တစ်ကောင်တည်းမဟုတ်ဘဲ နွားအများစုမှာ ဖြစ်လာသည်ကို တွေ့ရကြောင်း နွားပိုင်ရှင် လယ်သမား ၁ ဦးက ပြောသည်။

“နွားထီးက မျက်လုံးရမ်းပြီး မျက်ရည်တွေစီးကျနေတာတော့တွေ့တယ်၊ လူတွေရိုက်လိုက်လို့ ဒဏ်ရာရတယ် ထင်တာပေါ့ ၊ တခြားသူတွေမှာရှိတဲ့ ကျွဲ၊ နွားတွေလည်း အဲလိုပုံစံဖြစ်တာကို ပြောကြတော့မှ နွားမျက်လုံးရောဂါဖြစ်နေမှန်း သိတာပါ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးမှ ABN သို့ ပြောဆိုသည်။

နွားမျက်လုံးရောင်ရမ်းနေသည်ကို မြင်တွေ့ရသော်လည် ရောဂါဖြစ်သည်ဟု မသိရှိဘဲ ရိုးရိုးထိခိုက်မိသည်ဟု ထင်ကာ အမှတ်တမဲ့ထားမိရာမှ နွားမမျက်လုံးကွယ်သွားရသည်ဟု လယ်သမား ဦးသိန်းထွန်းလှက ပြောသည်။

“ကျနော့်မှာ နွားမမျက်လုံးကွယ်သွားပြီ ၊ ရောဂါဖြစ်တာလို့မထင်ဘူး၊ သူများနွားတွေ​မှာဖြစ်မှ ရောဂါဖြစ်တာလို့ သိတာ” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ အလယ်ချောင်း ၊ မြစ်နားပြင်၊ သင်ပုန်းတန်း၊ ပဒေသာ၊ ကန်ပြင်၊ မန်ကျဥ်းချောင်း စသည့်ကျေးရွာများရှိ လယ်သမားများပိုငိဆိုင်သည့် နွားများတွင် နွားမျက်လုံးနာရောဂါများဖြစ်ပွားနေကြောင်း သိရသည်။

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းပြီးနောက် မိုးလေဝသ မှန်ကန်မှုမရှိဘဲ ဖြစ်နေသည်တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ