Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဓားခုတ်မှုဖြစ်၍ အရေးပေါ်ဆေးရုံတင်ထားရ

ABN -ဟိန်းထွန်း

ဇူလိုင် ၁၂ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာတွင် ယမန့်နေ့ည ၈ နာရီ ၃၀ ခန့်က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်ဆေးရုံတင်ထားရကြောင်း သိရသည်။

ဓားခုတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ် ဦးဝေမောင်ဖြစ်ပြီး၊ အလယ်ချောင်းရွာတွင်နေထိုင်ကာ ဦးရွှေသောင်း၏ ပုဇွန်တာတွင်အငှား လုပ်ကိုင်နေသူဖြစ်သည်။

၎င်းသည် မိမိနေအိမ်မှ ဆိုင်ကယ်ဦးထုပ်ကိုဆောင်း၍ ပုဇွန်တာသို့ဆင်းရာလမ်းတွင် အခြားတစ်ဦးက နောက်မှ​နေပြီး ဓားရှည်ဖြင့်ပုန်းခုတ်သောကြောင့် လယ်ကွင်းသို့ ယိုင်လှဲကျသွားသည့်နေရာမှ ထ၍ပြေးရာတွင် လူတစ်ယောက် ဓားနှင့် လိုက်ခုတ်နေသည်ဟု အနီးရှိလူကိုအော်ခေါ်၍ ပြေးလာကြောင်း မျက်မြင်သက်သေတစ်ဦးက ABN သို့ပြောသည်။

“ည ၈ နာရီလောက်မှာပါ၊ သူကဆိုင်ကယ်ဦးထုတ်ဆောင်းပြီး တာကိုလာပါတယ်၊ သူလာတဲ့လမ်းမှာ လူတစ်ယောက်က ဓားရှည်နဲ့လိုက်ခုတ်ပါတယ်၊ သူလည်းလယ်ကွင်းထဲကို လဲကျသွားပါတယ်၊ ၊ ဓားနဲ့လိုက်ခုတ်နေတယ်လို့ ကျနော့်ကိုလှမ်းအော်ပြီး ပြေးလာပါတယ် ၊ သူ့ရဲ့ဦးခေါင်းမှာ သွေးတွေနဲ့ စီးကျနေပါတယ်” ဟု ဆိုသည်။

အဆိုပါဓားခုတ်ခံရသူ၏ ခန္ခာကိုယ်တွင် ဓားဒဏ်ရာ ၅ ချက်ရရှိခဲ့ပြီး ဦးခေါင်းတွင် ၂ချက်၊ ပခုံးတွင် ၁ ချက် နှင့် နောက်ကျောတွင် ၂ ချက်ဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဓားဖြင့်ခုတ်သူမှာ အသက် ၄၀ ကျော်အရွယ် ဦးထွန်းကျော်သာဖြစ်ပြီး ရသေ့တောင်မြို့နယ် နဂါးမောက်ကျေးရွာမှဖြစ်ပြီး အလယ်ချောင်းတွင် ပြောင်းရွှေ့နေထိုင်ကြောင်း မျက်မြင်ပြောကြားချက်အရ သိရသည်။

၎င်းသည် အခြားတာများမှ နေပြီး သား၊ ငါးပုစွန်များကို ပိုင်ရှင်မသိဘဲနှင့် ဖမ်းယူသည့်အတွက် တာပိုင်ရှင်က ပိုက်ကိုသိမ်းယူထားသောကြောင့် ရန်ငြိးရန်စဖြင့် ယခုလိုဓားခုတ်မှုဖြစ်ပွားရကြောင်း အစ်မဖြစ်သူ မတိန်ယဥ်က ABN သို့ပြောသည်။

“သူက တစ်ခြား ပုဇွန်တာတွေကနေပြီး ငါး၊ ပုစွန်တွေကို ပိုက်နဲ့ခိုးဖမ်းပါတယ်၊ သုံးလေးခါရှိနေပါပြီ၊ ကျမအစ်ကိုက ပိုက်တွေကိုသိမ်းပြီး တာပိုင်ရှင်တွေဆီအပ်ပါတယ်၊ ဘာလို့ ပိုင်ရှင်ကိုသွားပေးရတာလဲဆိုတဲ့ အငြိုးနဲ့ အခုလိုလာခုတ်တာဖြစ်ပါတယ်” ဟု ဆိုသည်။

ဓားခုတ်ခံရသူသည် အရက်သေစာမသောက်စားသည့်အတွက် မူယစ်သွားလာခြင်းမရှိ၊ လူများနှင့်လည်း ရန်ငြိုးရန်စမရှိကြောင်း အစ်မဖြစ်သူထံမှ သိရသည်။

လက်ရှိတွင် ဓားခုတ်ခံရသူမှာ ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာ၏ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ABN မှ စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ