Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် လယ်ထွန်နေစဥ် မိုးကြိုးပစ်ခံရ၍ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ ဦးသေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၁၆ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် လယ်ထွမ်နေစဥ် မိုးကြိုးပစ်ခံရ၍ ဆယ်ကျော်သက် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ ညနေ ၃နာရီကျော်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် မှင်းဇီချောင်းရွာတွင် မိုးကြိုးပစ်ခံရ၍ ၂ဦးသေဆုံးခဲ့သည်။

သေဆုံးသွားသူ ၂ဦးမှာ အသက် ၂၉နှစ်အရွယ် မမဲညိုနှင့် အသက် ၁၈နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်ဟုသိရသည်။

သူတို့နှစ်ဦးသည် လယ်ကွင်းတွင် အလုပ်လုပ်နေစဥ် မိုးကြိုးပစ်ခံရ၍ ၂ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့သည်ဟု မှင်းဇီချောင်းရွာလူကြီး ​ကပြောသည်။

“သူတို့နှစ်ယောက်က တစ်အိမ်တည်းကပါ၊ သေသွားတဲ့အမျိုးသမီးက၊ သူနဲ့အတူသေသွားတဲ့ကောင်လေးရဲ့အစ်ကိုမှာဇနီးပါ၊ ကောင်းလေးက လယ်ထွန်နေတာ၊ ကောင်းမလေးက မြက်ပင်တွေကောက်နေတာ၊ အဲဒီအချိန်မှာ မိုးကြိုးပစ်ခံရလို့ ၂ယောက်လုံးသေသွားပါတယ်” ဟု၎င်းကပြောသည်။

သေဆုံးသွားသော အမျိုးသမီးမှာ အသက် ၂နှစ်အရွယ် ကလေးငယ်တစ်ဦးရှိပြီး၊ သူ၏အမျိုးသားဖြစ်သူသည် မလေးရှားတွင်အလုပ်လုပ်နေသည်ဟုသိရသည်။

ဇွန်လ ၅ရက်နေ့ကလည်း ချင်း​ပြည်နယ် ပလက်ဝမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီး ၂ဦးသေဆုံးခဲံသည်။

ပြီးခဲ့သည် မေလတွင်လည်း မင်းပြားမြို့နယ်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူ၊ ရသေ့တောင်တို့တွင် မိုးကြိုးပစ်ခံရပြီး ဆယ်ကျော်သက်အရွယ် လူငယ် ၅ယောက် သေဆုံးခဲ့သည်။

ရခိုင်တွင် မိုးကြိုးပစ်ခံရ၍ စုစုပေါင်းလူ ၉ဦးသေဆုံးခဲ့သည်ဟု ABNမှလေ့လာချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ