Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် ငါးဖမ်းနေသည့် သားအဖ ၃ ဦး ဖုန်းလုယက်ခံလိုက်ရ

ABN-ရှိုင်းမိုး

ဖေဖော်ဝါရီလ ၂၂ရက်နေ့ ည ၉နာရီကျော်အချိန်တွင် ပုဏ္ဏားကျွန်းချောင်းဝတွင် ငါးဖမ်းနေသည့် သားဖ ၃ယောက်၏ လှေပေါ်ကို မူဆလင် ၂ဦးနှင့် ရခိုင်သား ၁ဦးတို့ စက်​လှေဖြင့်လာရောက်ပြီး ဖုန်း ၂လုံးကိုလုယူကာ တုတ်ဖြင့်ရိုက်ခဲ့သည်ဟု သိရသည်။

ဖုန်းလုယက်ခံရသူများမှာ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်မှ ဦးအေးထွန်းတို့ သားဖ ၃ဦးဖြစ်သည်။

လုယူသူများမှာ ဟွန်ဒါဖြင့် လာရောက်၍ ဦးအေးထွန်းနှင့် သား ၂ယောက်တို့ အိပ်နေချိန်တွင် လှေပေါ်သို့တတ်လာပြီး Redmi ဖုန်းအမျိုးအစား၂လုံးကိုယူသွားခဲ့ပြီး အဖဖြစ်သူ ဦးအေးထွန်းအား တုတ်ချောင်းဖြတ် ကျောကုန်းကို တချက် ရိုက်သွားကြောင်း ဦးအေးထွန်းက ပြောသည်။

“သူတို့တတ်လာတာနဲ့ ဖုန်းကိုတောင်းပါတယ်၊ ကျွန်တော့် သား ၁ယောက်က ဖုန်းလှမ်းပေးလိုက်ပါတယ်၊ ဒါပေမယ့် သူတို့မသွားသေးပါဘူး၊ ကျွန်တော်က ခဗျားတို့ လိုချင်ရရင်ပြန်ပါတော့လို့ ပြောပါတယ်၊ ဒါပေမယ့် မပြန်ပါဘူး သူတို့မှာပါလာတဲ့ တုတ်နှင့် ရိုက်ပါတယ်” ဟုပြောသည်။

ထိုလုယက်သူ ၃ဦးမှာ ဓား ၁လက်နှင့် တုတ် ၁ချောင်းပါပြီး ထိုသားဖ ၃ဦး၏ မျက်နှာကို အဝတ်စဖြင့် ဖုံးရန်လုပ်နေစဥ် ဦးအေးထွန်းက ဘေးပတ်ဝန်းကျင်ကို အော်ခေါ်ပြီး အကူအညီတောင်းလိုက်သည့်အတွက် ထိုလူ ၃ဦးထွက်ပြေးသွားပြီး သက်သေအနေဖြင့် လုယက်သူ ၃ ဦးတွင်ပါလာသည့် ဓား ၁ လက်ကျန်ခဲ့ကြောင်း ဦးအေးထွန်းက ဆက်ပြောသည်။

“ ပြီးရင် မျက်နှာကို ဖုံးမယ်ဆိုပြီး သူတို့ လုပ်ပါတယ်၊ အဲဒီအချိန်မှာ ကျွန်တော်က အော်လိုက်ပါတယ်၊ ကျွန်တော်အော်လို့ သူတို့လှေပေါ်က ဆင်းပြေးသွားကြပါတယ် အဲဒီ ၃ ယောက်မှာ ၁ ယောက်ရဲ့နာမည်က ရခိုင်သားနာမည် ကျော်ဝင်းပါ ကျွန်တော်အော်တဲ့အချိန်မှာ မူဆလင် (ကုလား) ၂ဦးက ကျော်ဝင်း စက်မြန်မြန်သွားနိုးဆိုပြီးပြေသံကြားလိုက်ပါတယ်၊ သူတို့သွားတဲ့အချိန်မှာ သူတို့မှာ ပါတဲ့ ဓား ၁ချောင်းကျန်ခဲ့ပါတယ်” ဟု ပြောသည်။

ဦးအေးထွန်းသားဖ တုတ်ဖြင့်ရိုက်ခံခဲရသောကြောင့် ကျော့ကုန်းတွင် တုတ်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ဦးအေးထွန်းမှာ တုတ်ဖြင့် ရိုက်ခံလိုက်သောကြောင့် ကျောကုန်းတွင် ဒဏ်ရာ အနီကြောင်း ကျန်ခဲ့ကြောင်း ကံယကံရှင်က ပြောသည်။

ထိုလုယက်သူ ၃ဦး၏ လှေသည် ဂူတဖက်ကိုထွက်သွားသည့်ဟု အတည်ပြုပြောဆိုသည်။

ထိုလုယက်သူ ၃ ဦးသည် ပုဏ္ဏားကျွန်း ဂူဝဘုရားဖက်သို့ စက်လှေဖြင့် ထွက်ပြေးသွားကြကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညည့် ၁၁နာရီအချိန်တွင်လည်း ဖဒူးကျွန်းနှင့် အင်္ဂါရားချိုင်ကျွန်းကြားတွင် ငါးဖမ်းပြီး လှေပေါ်တွင် အိပ်နေစဥ် အမည်မသိလူ ၃ဦးရောက်လာကာ ဦးရွှေသန်းမောင်၏ မျက်နှာကို အဝတ်ဖြင့်စည်း၍ ဖုန်းနှင့်ဟွန်ဒါစက်ကို ဖြုတ်ယူသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-လုယက်သူများတွင် ကျန်ခဲ့သည့် ဓား

ပုဏ္ဏားကျွန်းမြို့နယ်တွင် ငါးဖမ်းနေသည့် သားအဖ ၃ ဦး ဖုန်းလုယက်ခံလိုက်ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ