Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက် ၆၇နှစ်အရွယ် အဖိုးအိုတစ်ဦး ဓားထိုးခံရပြီးပွဲချင်းပြီးသေဆုံး

ယမန်နေ့ ဒီဇင်ဘာ ၁၅ ည ၇ နာရီကျော်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်မှ အသက် ၆၇ နှစ် အဖိုးအိုတစ်ဦး ဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကြားမှ ဝင်ရောက် ဟန့်တားသူ တစ်ဦးတွင်လည်း ညာဖက်လက်တွင် ဒဏ်ရာရသွားကြောင်းသိရသည်။

ဓားထိုးခံရသူမှာ ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်မှ ဦးထွန်းအောင်ကျော် အသက် ၆၇ ဖြစ်ပြီး တရားခံမှာ ထိုရွာမှ ဦးအောင်ဌေး အသက် ၄၇နှစ် ဖြစ်ကြောင်းသိရသည်။

ဦးထွန်းအောင်ကျော်သည် ဦးအောင်ဌေး၏ ပထွေးဖြစ်ပြီး အငြင်းပွားကြရာမှ ခိုက်ရန်ဖြစ်ကြပြီး ဓားထိုးမှုဖြစ်ခြင်းဖြစ်ကြောင်း တာဝန်ရှိ ရွာလူကြီးတစ်ဦးမှ ABN ကိုပြောသည်။

“ဟုတ်ကဲ့သူတို့နှစ်ယောက် ခိုက်ရန်ဖြစ်တဲ့ အချိန်ကတော့ ည ၇နာရီကျော်လောက်ရှိမေ ဦးအောင်ဌေးက ဓားထုတ်တော့ အနီးအနားရှိလူတွေကတားကြတယ်။ တားတယ်သူတွေကိုပါ လိုက်ထိုးတာ တစ်ယောက်မှာ ညာဖက်လက်ဒဏ်ရာရသွားပါတယ်၊ တရားခံကတော့ ထွက်ပြေးသွားပါတယ်” ဟုပြောသည်။

ဝင်ရောက်ဟန့်တားစဥ် လက်တွင် ထိခိုက်ဒဏ်ရာရသွားသူမှာ ဦးဇော်သန်းမောင် ဖြစ်ကြောင်း သိရသည်။

၎င်းအဖိုးအို၏ ရုပ်အလောင်းကို ယနေ့ နေလယ် ၁နာရီကျော် အချိန်တွင် အသုဘချသွားမည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၄ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဆေးအိုကျရွာမှ အသက် ၇၅အရွယ် အဖွားအိုတစ်ဦး ရွှေနားကပ်ကို အလုခံရပြီး ဓားထိုးအသတ်ခံခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက် ၆၇နှစ်အရွယ် အဖိုးအိုတစ်ဦး ဓားထိုးခံရပြီးပွဲချင်းပြီးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ