Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ထဲရှိ ၂ ထပ်မြင့်တိုက်များကို အကာအကွယ်ယူ တိုက်ခိုက်ရန် စစ်ကောင်စီအဖွဲ့ပြင်ဆင်

ပုဏ္ဏားကျွန်းမြို့ထဲရှိ ၂ ထပ်မြင့်တိုက်များကို အကာအကွယ်ယူ တိုက်ခိုက်ရန် စစ်ကောင်စီအဖွဲ့ပြင်ဆင်

AB News – ဇန်နဝါရီ ၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ထဲရှိ ၂ ထပ်အမြင့်ရှိ တိုက်များကို တိုက်ခိုက်ရေးအကာအကွယ်အဖြစ် နေရာယူရန်စီစဥ်ပြင်ဆင်နေကြောင်း ခိုင်လုံသတင်းရင်းမြစ်များအဆိုအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ ၅၅၀ တပ်ရင်းနှင့် ကင်းတောင်ပေါ်ရှိ စကစအဖွဲ့ဝင်များက မြို့ထဲရှိ လူနေတိုက်အိမ်များကို ၎င်းတို့၏ စစ်ရေး နေရာအဖြစ် အသုံးပြုရန် ပြုလုပ်နေခြင်းဖြစ်သည်။

ပေါက်တောမြို့ထဲတွင် စစ်ကောင်စီအဖွဲ့ဝင်များ ပိုင်ရှင်များ စစ်ဘေးရှောင်နေသည့် နေအိမ်တိုက်အမြင့်များပေါ်တွင် နေရာယူကာ စနိုက်ဘာများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

၎င်းတို့သည် ပြည်သူပိုင်နေအိမ်များကို လက်နက်၊ကျည်ကာ၊ စစ်ရေးအတွက် အဖြစ်အသုံးပြုလာခဲ့လျှင် မြို့ခံများထွက်ပြေးရမှာ ဖြစ်ပြီး ပြည်သူများအတွက် အန္တရာယ်များကြောင်း ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသမီး ၁ ဦးက AB News သို့ ပြောသည်။

” ၂ ထပ်ဆောင် တွေကို ယူမယ်လို့သိရပါတယ်၊ ပြီးတော့ ပြည်သူပိုင်နေအိမ်တွေကို ကျည်ကာအဖြစ်အသုံးပြုမယ်ဆိုရင် မြို့ခံတွေထွက်ပြေးရမှာလေ၊ အန္တရာယ်လည်းများပါတယ်” ဟု ဆိုသည်။

၅၅၀ တပ်ရင်း ၊ ကင်းတောင်တပ်မတို့၏ ကိုက် ၁ဝဝခန့်အကွာအဝေးရှိသော ​စျေးအနီး ၂ ထပ်ဆောင်များကို စကစအဖွဲ့က ကျည်ကာအဖြစ်အသုံးပြုရန် စီစဥ်နေသည်ဟု သိရသည်။

အလားတူ တောင်ဖလာအခြေစိုက် တပ်ရင်းကလည်း မြေပုံမြို့ကို ခြေကုတ်ယူရန်စီစဥ်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့ မြို့မစျေးမီးရှို့ခံရပြီးနောက် ၂ ဖက်တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဒေသခံ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲဲ့ကြပြီး ယခုအချိန်ထိ ပြန်မလာနိုင်သေးပေ။

ထို့အပြင်် ၅၅၀ အဖွဲ့က ညဥ့်အချိန်မတော် လက်နက်ကြီးများပစ်ခတ်ခြင်း၊ ရပ်ကွက်အတွင်းသို့ ဝင်ရောက်ပြီး လူနေအိမ်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်မှုရှိခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်းနှင့် စပါးခင်းများကိုလည်း ရိတ်သိမ်းခွင့်မပြုကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပေါက်တောနှင့် စစ်တွေမြို့ထဲ​တို့တွင် နေရာယူကာ တိုက်ခိုက်နေပြီး မြေပုံနှင့် ပုဏ္ဏားကျွန်းတို့တွင်လည်း စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူပိုင် နေအိမ်များကို အခြေကုတ်ယူရန်စီစဥ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ