သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ထဲရှိ စကစ ခလရ ၅၅၀ နှင့် စစ်တွေ ပါဒလိတ်တပ်ဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေ

ယနေ့ နံနက် ၅ နာရီ လောက်ခန့်မှစ၍ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ထဲ ခလရ ၅၅၀နှင့် စစ်တွေ ပါဒလိတ်ဘက် မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိနေသည်။

လက်နက်ကြီး ပစ်ခတ်သံများမှာ ၁ မိနစ် ၂ မိနစ်ခြား တစ်ခေါက်စီ ကြားနေရကာ ကိုယ့်အနီးက ပစ်နေသလို ခံစားနေရကြောင်း ပုဏ္ဏားကျွန်းနယ်မှ ဒေသခံရွာသားတစ်ဦးက ABN ကိုပြောသည်။

“ပစ်တာတော့ တဒိန်းဒိန်းနဲ့ ကိုယ့်အနားက ပစ်နေသလိုပဲ ရင်ဘပါ တုန်ပါတယ်။ ဘယ်ကိုပြေးလို့ ပြေးရမှန်းလည်းမသိဘူး။ ရွာထဲကို လက်နက်ကြီးကျတာတော့ မကြားသေးဘူး။ တစ်မိနစ် နှစ်မိနစ်လောက် တခေါက်စီ ကြားနေရတယ်” ဟုပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမရှိ ကျေးရွာများမှ ရွာသားများမှာ အသင့်ပြုလုပ်ထားသည့် ဗုံးခိုကျင်းများတွင် ခိုလှုံနေကြရကြောင်း နောက်ထပ်ရွာ တစ်ရွာမှ တစ်ဦးက ပြောသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းမှာ မည်သည့်အကြောင်းဖြစ်သည်ကို အတည်ပြူနိုင်ရန် ABN မှ စုံစမ်းနေဆဲဖြစ်သည်။

ABN မှ သတင်းရေးနေချိန် ၈ နာရီခွဲခန့်က စစ်ကောင်စီ လေယာဥ် ၂ စီးလည်း ပုဏ္ဏားကျွန်းမြို့နယ်ရွာများအပေါ်တွင် ပျံသန်းသွားလာနေကြောင်း သတင်းရရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ