Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ထဲတွင် မီးအပြင်းအထန် လောင်ကျွမ်းနေ

ပုဏ္ဏားကျွန်းမြို့ထဲတွင် မီးအပြင်းအထန် လောင်ကျွမ်းနေ

AB News – မတ်လ ၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ထဲ၌ ယနေ့ မတ်လ ၉ရက်၊ ညနေ ၃နာရီခန့် အချိန်တွင် ယခင် မီးကြွင်း၊ မီးကျန်များမှ တစ်ဆင့် မီးအပြင်းအထန် လောင်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ပုဏ္ဏားကျွန်းမြို့ထဲမှ ရပ်ကွက်အချို့တွင် မီးလောင်နေသည့် မီးခိုးများအား မြို့နှင့် အနီးအနားကျေးရွာများမှ မြင်တွေ့နေရကြောင်း သိရှိရသည်။

မီးခိုတွေတလိမ်လိမ့် ထွက်နေသည်ကို မြင်ရပြီး လက်နက်ကြီး လက်နက်ငယ် ပစ်သံလည်း မကြားရကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“မြို့ထဲက ထွက်နေတဲ့ မီးခိုးလိပ်တွေကို မြင်နေရတယ်။ မနေ့က လောင်ကျွမ်းခဲ့တဲ့ မီးကြွင်း၊ မီးကျန်တွေက တစ်ဆင့် စွဲပြီး ‌လောင်ကျွမ်းတာ ဖြစ်နိုင်တယ်။ ဒီနေ့ နေ့လယ်ကလည်း လက်နက်ကြီး ပစ်သံတွေ မကြားရဘူး။ မြို့ထဲမှတော့ မီးလောင်ကျွမ်းနေတာကို မြင်နေရတယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးဝန်းကျင်နှင့် အထက်တန်းကျောင်းအနီးတွင် ‌ မီးလောင်ကျွမ်းနေသည်ဟု ထွက်ပြေးတိမ်းရှောင်နေသည့် မြို့ခံ ၁ဦးက ခန့်မှန်းပြောဆိုသည်။

ယမန်နေ့ မတ်လ ၈ရက်၊ နံနက် ၉ နာရီကျော်အချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေမြို့နယ် အခြေစိုက် ပါဒလိတ် ၃၅၃ တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်သို့ ဟောင်ဝှစ်ဇာအမြှောက်ဖြင့် လက်နက်ကြီးများတရစပ်ပစ်ခတ်ခဲ့သောကြောင့် နေအိမ်အများအပြား မီးလောင်ကျွမ်းကာ ပျက်စီးခဲ့ရကာ၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်လည်း ပျက်စီးခဲ့ရသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ