Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့တွင် အိမ်ထောင်စုမပြနိုင်၍ ဒေသခံ ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးသွား

AB News – နိုဝင်ဘာ ၂၃၊ ၂၀၂၃

ရက္ခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့တွင် အိမ်ထောင်စုမပြနိုင်၍ မြို့ခံ ၅ ဦးအား စကစ မှ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်မှ အဖဦးမောင်သိန်းစော၏သား အသက် ၅၄ နှစ်အရွယ် ဦးမောင်စောသန်း၊ အဖဦးစောသာအောင်၏သား အသက် ၅၇ နှစ်အရွယ် ဦးထွန်းတင်နု၊ အဖ ဦးညိုလှဖြူ၏သား အသက် ၄၄ နှစ်အရွယ် ဦးထွန်းမောင် ( ခ) လဘုမောင်၊ အဖ ဦးအောင်စံဝင်း၏ သား အသက် ၂၇ အရွယ် ဦးဇော်ဇော်ဝင်းနှင့် ရွာဟောင်းရပ်ကွက်မှ အဖ ဦးမောင်ထွန်းဝင်း၏သား အသက် ၂၆ နှစ်အရွယ် မောင်မြတ်ကျော် နိုင်တို့ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၁ ရက်နေ့ ည၈ နာရီကျော်တွင် ဦးမောင်စောသန်း၊ ဦးထွန်းတင်နု၊ ဦးထွန်းမောင်( ခ) လဘုမောင်၊ ဦးဇော်ဇော်ဝင်းတို့အား ဖမ်းဆီးသွားခဲ့ပြီး၊ မောင်မြတ်ကျော်နိုင်ကို ည ၂ နာရီတွင် ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

စကစသည် ညအချိန်မတော်အခါ ဧည့်စာရင်းလာစစ်ရာတွင် အိမ်ထောင်စုမပြနိုင်၍ ဖမ်းဆီး ခေါ်သွားကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

” သူတို့ကအချိန်သတ်မှတ်ထားတာလဲမရှိဘူး၊ လာချင်လာတယ်၊ မလာချင်မလာဘူး၊ အိမ်ထောင်စုမရှိတဲ့သူတွေဆို ဖမ်းခေါ်သွားတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် တပ်ဖွဲ့ဝင်များသည် တစ်ခြားအမည်မသိ မရာမာကြီး ၂ ဦးကို ဖမ်းဆီးထားကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ပုဏ္ဏားကျွန်းမြို့၌ ညအချိန်ဆိုလျှင် ဧည့်စာရင်းစစ်ဆေးလျက်ရှိသည့်အတွက်ကြောင့် ပြည်သူများလည်း စိုးရိမ်ထိတ်လန့် နေရကြောင်း သိရသည်။

ယင်းအပြင် ၅၅၀ တပ်ရင်းမှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် နေ့တိုင်း ပစ်ခတ်လျက်ရှိနေသည်။

ဖမ်းဆီးခံရသူများအား မည်သည့်နေရာတွင် ထားရှိကြောင်း တိတိ ကျကျမသိရှိသည့်အတွက် မိသားစုဝင်များလည်း စိတ်ပူလျက်ရှိနေကြောင်းပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ စသည့်မြို့များမှလည်း အရပ်သားများအား AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ