Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့တွင် ဆယ်တန်းနှစ်ဟောင်းကျောင်းသားတစ်ဦးကြိုးဆွဲချ၍မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို စံပြရပ်ကွက်တွင် ဆယ်တန်းနှစ်ဟောင်းကျောင်းသား တစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို သတ်သေသွားသည် ဟုသိရသည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ အဖဦးသန်းရွှေ၏သား အသက်(၁၈ ) နှစ် မောင်ရဲနိုင်ဝင်းဖြစ်သည်။

၎င်းသည်ယနေ့ နံနက် ၅နာရီတွင် နေအိမ်၌ ကြိုးဆွဲချပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၇ နာရီကျော်လောက်တွင် ပုဏ္ဏားကျွန်းမြို့မ ရင်ခွဲရုံသို့ပို့ထားကြောင်း သိရသည်။

မောင်ရဲနိုင်ဝင်းမှာ ဆယ်တန်းနှစ်ဟောင်း ‌ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်းမသေဆုံးမီ သောကြာနေ့ က မိခင်ဖြစ်သူသည် သူ့အား ပြောဆို ဆုံးမမှုများရှိခဲ့ပြီး ယနေ့ နံနက်တွင် “မေမေ ဖေဖေကိုအချစ်ဆုံး” ဆိုသော စာရွက်တစ်ရွက်နှင့်အတူ ကြိုးဆွဲချ၍သေနေသည်ကို တွေ့ရကြောင်း မိသားစုနှင့် ရင်းနှီးသူတစ်ဦး ပြောပြချက်အရ သိရသည်။

ပုဏ္ဏားကျွန်းမြို့တွင် ဆယ်တန်းနှစ်ဟောင်းကျောင်းသားတစ်ဦးကြိုးဆွဲချ၍မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ