Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က ယနေ့ မတ်လ ၄ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နှင့် အခြားမြို့ကြီးများကို လက်ဆောင်အဖြစ်ယူပေးကြသည့် အာရက္ခစစ်သည်တော်များနှင့် ကြီးကြပ်သည့် စစ်ဒေသမှူး၊ တပ်မှူးအဆင့်ဆင့်ကို ကျေးဇူးတင်ပါကြောင်း ရက္ခိုင့်တပ်တော် ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်၏ ဖေ့စ်ဘုတ် လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။

“ပုဏ္ဏားကျွန်းမြို့ နန့် အကြီးသန် တိကို လက်ဆောင်ယူပီးကတ်တေ အာရက္ခစစ်သည်တော်တိနန့် ကြီးကြပ်ရေ စစ်ဒေသမှူး၊ အဆင့်ဆင့်တပ်မှူး တိအားလုံးကိုကျေးဇူးတင်ရေ” လို့ ရေးသားဖော်ပြထားသည်။

ရက္ခိုင်တိုက်ပွဲများ၌ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် စစ်သည်တော်များကို ဦးညွတ်ဂါရဝပြုပါကြောင်းလည်း ဖော်ပြထားသည်။

“အသက်၊ ခန္ဓာ ပီးဆပ်စွန့်လွှတ်လားခရရေ စစ်သည်တော်တိကိုလေ့ ဦးညွတ်ဂါရဝပြုပါရေ” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် ခမရ ၅၅၀ အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိကြောင်း ယမန်နေ့ မတ်လ ၃ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများအပြင် လက်နက်ကြီးစခန်းများကိုပါ ရက္ခိုင့်တပ်တော်မှ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

ထို့ကြောင့် ရက္ခိုင်ပြည်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲထားသော်လည်း ရက္ခိုင်ဒေသတွင် ရပ်စဲထားခြင်း မရှိဟု ယနေ့ ပြုလုပ်ခဲ့သည့် ၈ ကြိမ်မြောက် ရက္ခိုင့်တပ်တော် သတင်းစာရှင်းလင်းပွဲတွင် တပ်တော်ဒုစစ်ဦးစီချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ