Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက ၃ကြိမ်ထက်မနည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပြာကျ

ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက ၃ကြိမ်ထက်မနည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပြာကျ

AB News – မတ်လ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို ယမန်နေ့ မတ်လ ၁ ရက်နေ့ ညဉ့်အချိန်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က တိုက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ရကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့‌ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ နေအိမ်များမှာ ယမန်နေ့ ညဉ့်အချိန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ မတ်လ ၂ရက်နေ့ နံနက် ၁၁နာရီခန့်အချိန်တွင် မီးငြိမ်သွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မှ ရပ်ကွက်အချို့ မီးလောင်ခဲ့ကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“စစ်ရှုံးသွားတဲ့ မြို့တွေကို စစ်ကောင်စီက နေ့တိုင်း ဗုံးလာကြဲနေတယ်။ မနေ့က ကျနော်တို့ ပုဏ္ဏားကျွန်းမြို့ကို ၃ကြိမ်တောင် ဗုံးကြဲသွားတယ်။  စံပြရပ်ကွက် မီးလောင်နေတာကိုတော့ အဝေးက လှမ်းမြင်နေရတယ်။ မြို့အတွင်း မီးလောင်နေတာတော့ ဒီနေ့ မနက် ၁၁နာရီကျော်မှ မီးငြိမ်းသွားတယ်” ဟု ဆိုသည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၉ရက်နေ့ကလည်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မှ နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ပုဏ္ဏားကျွန်မြို့မ ရဲစခန်းအား သိမ်းပိုက်ခဲ့ပြီး ရဲအုပ် ၁ဦးအပါအဝင် ၂၃ဦးခန့် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခဲ့သည်။

“ပုဏ္ဏားမြို့၌ တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းအား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်” ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရက္ခိုင်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ရက္ခိုင်‌တွင် စစ်ရှုံးနေသည့် အကြမ်းဖက်စစ်ကောင်စီသည် စစ်ဖက် အရပ်ဖက် ပိုင်းခြားခြင်းမရှိဘဲ မြို့၊ ရွာများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်များစွာ ဆုံးရှုံးနေရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ