Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး ဗမာအလုပ်သမား ၁ ဦး ပွဲချင်းပြီးသေဆုံး

ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး ဗမာအလုပ်သမား ၁ ဦး ပွဲချင်းပြီးသေဆုံး

AB News-ဇန်နဝါရီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင်ကျေးရွာ နှင့် စစ်တွေမြိုနယ်၊ အမြင့်ကျွန်းကျေးရွာကြားရှိ မင်းချောင်းတံတားအနီးတွင်ရှိသည့် ဂဏန်းဒိုင်အနီး စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဗမာအလုပ်သမား ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း AB News မှစုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ ရန်ကုန်တိုင်း၊ တာမွေမြိုမှ အဖ ဦးလုံး၏ သား အသက် ၆၃ နှစ်အရွယ် ဦးမောင်စိုးဖြစ်သည်။

ယနေ့နံနက် ၅နာရီခွဲတွင် စစ်တွေရှိ ရဲတပ်ရင်း ၁၂ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းချောင်းတံတားအနီးတွင်ရှိသည့် AHBAN SEA FOOD ဂဏန်းအနှေးလုပ်ငန်းကန်ထဲ ကျရောက်ပေါက်ကွဲကာ ဦးမောင်စိုး၏ညာဖက်ပေါင်ရင်းကို ကျည်စထိမှန်ပြီးနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကွမ်းတောင်ကျေးရွာသား ၁ ဦးက AB News သိုပြောသည်။

“ဒီမနက်အရုဏ် ၅နာရီခွဲမှာ စစ်တွေက ပစ်လိုက်တဲ့ လက်နက်ကြီးက ဂဏန်းအ နှေးကန်မှာကျပြီး ဦးမောင်စိုး ညာဖက်ပေါင်ရင်းကျည်စထိပြီး သေဆုံးသွားပါတယ်။ အလောင်းကိုတော့ ကွမ်းတောင်ရွာမှာ သဂြိုလ်ဖို စီစဥ်ထားပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူ ဦးမောင်စိုးသည် ဇနီးမယားနှင့်အတူ ၎င်းဂဏန်းအနှေးကန်၌ သောက်သုံးရေကို တေဘာကား ကြီးဖြင့် သယ်ယူပိုဆောင်ပေးရသော တာဝန်နှင့် ဂဏန်းအနှေးကန်စောင့်ကြည့်ပေးရသောတာဝန်ကိုလုပ်ဆောင်နေသူဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ယနေ့မနက်က စစ်ကောင်စီ၏ ပါဒလိတ်တပ်ရင်းနှင့် စစ်တွေမြို ရဲတပ်ရင်း ၁၂ တိုမှ လက်နက်ကြီး ၅ လုံးခန့်ပစ်ခတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲသည် လူမဆန်စွာ အရပ်သားပြည်သူများနေထိုင်သည့် နေရာများသို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် သော်လည်းကောင်း ဒရုန်းများဖြင့်သော်လည်းကောင်း ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

ထိုအပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် ညနေ ၆နာရီအချိန်ခန့်တွင်လည်း စစ်တွေမြိုနယ်ရှိကျေးရွာများတချိုနှင့် ပုဏ္ဏားကျွန်းမြိုရှိ ကျေးရွာများတချိုကိုလည်း ရွာထဲသို လက်နက်ကြီးများဖြင့်ပစ်ခတ် မီးရှိဖျက်ဆီး တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများအားခြိမ်းခြောက်ပြောဆိုမှုကြောင့် ၎င်းကျေးရွာသူ/ ကျေးရွာသားများ ထောင်ချီ စစ်ဘေးလွတ်ရာသို ညဥ့်ချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ