Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြိုနယ်ရှိ ကျေးရွာများနှင့် စစ်တွေမြိုနယ်ရှိ ဝါဘိုကျေးရွာမှ ရွာသားများ ယနေ့မနက် ၆ နာရီအချိန်တွင် အပြီးသတ်ထွက်ခွာကြရန် စစ်ကောင်စီအဖွဲက ခြိမ်းခြောက်ပြောဆို

AB News – ဇန်နဝါရီ ၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်ရှိ ကွမ်းတောင်၊ အိုင်ဒင်၊ တံဘက်လှန်း၊ ပဒေသာရွာနှင့် စစ်တွေမြိုနယ်ရှိ ဝါဘိုကျေးရွာမှ ရွာသားများ ယနေ့မနက် ၆ နာရီအချိန်တွင် အပြီးသတ်ထွက်ခွာကြရန် ယမန်နေ့ ဇန်နဝါရီလ ၄ရက်နေ့တွင် စစ်ကောင်စီအဖွဲက ခြိမ်းခြောက်ပြောဆိုကြောင်း AB News မှ ထောက်လှမ်းသိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် စစ်ကောင်စီအဖွဲသည် ပုဏ္ဏားကျွန်းမြိုနယ်မှ ကျေးရွာအချိုနှင့် စစ်တွေမြိုနယ်မှ ကျေးရွာအချိုကို လက်နက်ကြီးပစ်ခတ်ပြီး မီးရှိမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် အရပ်သားပြည်သူများမှာ အိုးအိမ်များကို စွန့်ပြီး ယမန်နေ့ညဥ့်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့တွင် စစ်ကောင်စီအဖွဲသည် ကျေးရွာများကို လက်နက်ကြီးပစ်ခတ်ပြီး မီးရှိမည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသားများမှာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်ဟု ကွမ်းတောင်ကျေးရွာက အမျိုးသမီး ၁ဦးက ပြောသည်။

“စစ်ကောင်စီအဖွဲက ကျမတိုရွာက ရွာသားတွေကို ဒီနေ့ မနက် ၆ နာရီအချိန်မှာ အပြီးသတ်ထွက်ခွာရမယ်။  ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးရှိဖျက်ဆီးမယ်လို  ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ အဲ့ဒါကြောင့် ကျမတို မိသားစု ထွက်ပြေးတိမ်းရှောင်လာခဲ့ရတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲသည် ပုဏ္ဏားကျွန်းမြိုနယ်နှင့် စစ်တွေမြိုနယ်မှ ကျေးရွာအချိုကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှိဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ကွမ်းတောင်ရွာမှ လူဦးရေ ၄၅၀၀ ကျော်မှာ စစ်ဘေးလွတ်ရာသို တိမ်းရှောင်ရကြောင်း သိရှိရသည်။

ထိုအပြင် ပုဏ္ဏားကျွန်းမြိုနယ်မှ အိုင်ဒင်ရွာ၊ တံဘက်လှန်းရွာ၊ ပဒေသာရွာနှင့် စစ်တွေမြိုနယ်ရှိ ဝါဘိုကျေးရွာမှ ရွာသားများမှာလည်း စစ်ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရက္ခိုင်ပြည်၊ စစ်တွေမြို ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ဝါဘို၊ စပါးထား၊ ညိုရောင်ချောင်း၊ကွန်းတောင်၊ အိုင်ဒင်ရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ် မီးရှိဖျက်ဆီးခြင်းတိုကို ပြုလုပ်မည်ဟု စစ်ကောင်စီအဖွဲက ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲက လည်းထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ