Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ် ရေဖြူကန်စစ်ဘေးရှောင်ခန်းရှိ စစ်ဘေးရှောင်များကို စကစမှ အတင်းနေရပ်ပြန်ခိုင်း

ပုဏ္ဏားကျွန်းနယ် ရေဖြူကန်စစ်ဘေးရှောင်ခန်းရှိ စစ်ဘေးရှောင်များကို စကစမှ အတင်းနေရပ်ပြန်ခိုင်း

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များကို တပ်မ ၅၅၀မှ ယနေ့မတ်လ ၃ရက် နံနက်ပိုင်းတွင် အတင်းအဓမ္မနေရပ်ပြန်ခိုင်းပြီး စခန်းကို ဘက်ဟိုးဖြင့်ဖြိုချနေသည်ဟုသိရသည်။

ရေဖြူကန်ရှိစစ်ဘေးရှောင်အများစုမှ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာတို့မှဖြစ်ကြပြီး ၎င်းတို့အား စကစမှ ငွေ ၆သိန်းကျပ်နှင့် ဆန်းတစ်လစာကိုပေးပြီး မပြန်ချင်သည့်သူများကိုပါ အတင်းအဓမ္မနေရပ်ခိုင်းကြသည်ဟု ခိုင်မာသည့်သတင်းအရင်းအမြစ်ပြောကြားချက်အရသိရသည်။

“ဟုတ်ပါတယ် သွားချင်သူတွေရှိသလို မသွားချင်သူတွေလည်းရှိပါတယ် ဒါပေမဲ့ စကစက သွားချင်သူတွေကိုပါ မသွားချင်တယ်သူတွေပါ သူတို့ပေးတာယူပြီး အတင်းအဓမ္မ ပြန်ခိုင်းပါတယ်” ဟုပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၁၀၀ ကျော်ခန့်နှင့် လူဦးရေစုစုပေါင်း ၅၄၂ခန့်ရှိပြီး မတ်လ ၂ရက်နေ့က စစ်ဘေးရှောင်များအား ထွေအုပ်ရုံးမှ အစည်းဝေးခေါ်ယူခဲ့ကြောင်း၎င်းကဆက်ပြောသည်။

“မနေ့က အစည်းဝေးမှာ ငွေ ၆သိန်းနဲ့ဆန်းတစ်လစာပေးမယ်ဆိုပြီး အကုန်လုံးနေရပ်ပြန်ရမယ်လို့ဆိုပါတယ် ပြီတော့ဒီနေ့အဆောင်တွေကို ဖြိုနေကြတာပါ” ဟုပြောသည်။

ဖေဖော်ဝါရီလ ၂၇နေ့က ရက္ခိုင့်တပ်တော် ULA/AA၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စကစမှ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းနေခြင်းသည် စစ်ဘေးရှောင်များကို ပို၍ ဒုက္ခပေးရာရောက်သည်ဟုပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ