Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် ၃ ရက်ကြာ ပျောက်ဆုံးနေသည့် သက်ကြီရွယ်အိုတစ်ဦးကို ရွာအနီးတောင် ဆူးချုံ တောထဲတွင် အသက်ရှင်လျက်ပြန်တွေ့

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာတွင် ၃ ရက်ကြာ ပျောက်ဆုံးနေသော သက်ကြီးပိုင်း တစ်ဦးကို ယနေ့ နေ့လည်က ရွာအနီးတောင်၌ရှိသည့် ဆူးချုံတောထဲတွင် အသက်ရှင်လျက် ပြန်တွေ့ ကြောင်း AB News က သိရသည်။

၃ ရက်ကြာပျောက်နေခဲ့ပြီး ပြန်တွေ့သူမှာ အဖ ဦးဒုံးကျော်၏သား အသက် ၆၀ ကျော်အရွယ် ဦးအောင်စိုးထွန်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်း အလယ်ချောင်းရွာ ဇာတိဖြစ်သည်။

၎င်းသည် အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်က ပင်သည်းခြေဆေးမြစ် တူးရန် တောင်သို့သွားရာမှ ပျောက်ဆုံးသွားခဲ့ကာ ယနေ့တွင် ရွာသူရွာသားများစုပေါင်း လိုက်လံရှာဖွေရာ ဆူးချုံတောထဲတွင် အသက်ရှင်လျက် ပြန်တွေ့ ရှိကြောင်း မိသားစုဝင်တစ်ဦးက AB News သို့ပြောသည်။

“ဒီနေ့ဆိုရင် ပျောက်နေတာ သုံးရက်ရှိပါပြီ၊ ဆေးပင်ရှာဖို့သွားတယ်၊ ပြန်မရောက်တော့ ရွာသားတွေနဲ့ ဝိုင်းဝန်းပြီး ရှာဖွေကြတော့ ချုံပုတ်ထဲမှာ တွေ့တယ်” ဟု ဆိုသည်။

ယနေ့ ၁၁ နာရီကျော်တွင် ရွာသူ/သား ၅၀ ကျော် ဓားတစ်ယောက်တစ်လက်စီကိုင်ဆောင်ပြီး ထိုတောင်သို့ သွားရောက်ရှာဖွယ်စဥ် အော်ခေါ်မှုများပြုလုပ်ခဲ့ရာ ပျောက်ဆုံးနေသူမှ “ဘုရား” ဟု ထူးသည့်အတွက် ချုံပုတ်ထဲတွင် ထိုင်၍ ရရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

၎င်းသည် ထိုတောင်သို့ နေ့တိုင်းသွားလေ့ရှိသော်လည်း ယခုလိုတစ်ခါမှ ကြုံဖူးခဲ့ခြင်းမရှိသည့်အပြင် ဤဖြစ်ရပ်မှာထူးဆန်း သည်ဟု ရွာသားများဝေဖန်နေကြသည်ဟု သိရသည်။

ပျောက်ဆုံးနေသည့် အချိန်တွင် ရွာသားများအသွားအပြန်ရှိနေသော်လည်း ၎င်းမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ မခေါ်ဝံ့ဘဲ ကြည့်နေခဲ့ကြောင်း ဦးအောင်စိုးထွန်းကိုယ်တိုင်ပြောသည်။

“အဘိုးက ဆေးလိပ်စရိတ်ရမယ်ဆိုပြီး ဆေးပင်တူးဖို့ တောင်ကိုသွားပါတယ်၊ ချုံပုတ်ထဲဝင်တာနဲ့ မျက်စိမှုန်သွားတယ်၊ အဖိုးလည်းထိုင်နေတယ်၊ ဘယ်လိုဖြစ်သွားလဲတော့မသိဘူး၊ ချုံပုတ်အပြင်ကို မထွက်ရဲဖြစ်နေတယ်” ဟု ဆိုသည်။

ထိုသူသည် ချုံပုတ်အနီးရှိ ရေကိုခတ်သောက်ပြီး အစာမစားဘဲ ၃ ရက်ကြာ နေခဲ့သည်။

၎င်းသည် အရက်အနည်းငယ်ကြိုက်တတ်သူဖြစ်ပြီး အိမ်ထောင်မရှိသည့်အပြင် အုန်းပင်တက်၊ ထင်းခုတ်၊ ဆေးပင်ရှာ ၍ စားသောက်နေသူတစ်ဦးဖြစ်သည်။

ထိုချုံတောသည် ဆူးခက်များဝိုင်းရံနေသည့်အတွက် ၎င်းကိုတွေ့ရှိရာတွင်လည်း ဆူးခက်များကို ဓားဖြင့် ခုတ်ထွင်ရှင်းလင်းပြီး ထုတ်ယူခဲ့ရကြောင်း တွေ့ရသည်။

ဆေးပင် သွားရှာရာတွင် ဓားနှင့် ဓားချွန်းတစ်လက်ပါရှိသွားပြီး ပြန်တွေ့ရာတွင်လည်း ထိုပစ္စည်းကို ပြန်တွေ့ကြောင်း ပြောသည်။

ချုံပုတ်ထဲတွင် ၃ ရက်တာ ရှိနေခဲ့စဥ် ၎င်းခေဖဝါးတွင် ဆူးခက်များကို တက်နှင်းသည့် ဒဏ်ရာနှင့် ကိုယ်ခန္ဓာမှာလည်း ပွန်းပဲ့ဒဏ်ရာအနည်း ငယ်တွေ့ရှိကြောင်း AB News က စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ