Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် အရက်မူးပြီး ကိုယ့်အိမ်ကိုမီးရှို့ရာမှ နောက်ထပ်လူနေအိမ် ၂ အိမ်ကိုပါ မီးလောင်မှုဖြစ်

ပုဏ္ဏားကျွန်းနယ်တွင် အရက်မူးပြီး ကိုယ့်အိမ်ကိုမီးရှို့ရာမှ နောက်ထပ်လူနေအိမ် ၂ အိမ်ကိုပါ မီးလောင်မှုဖြစ်

ABN-ရှိုင်းမိုး

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ရွာတွင် ယနေ့ နေလယ်ပိုင်းက အရက်မူးပြီးကိုယ့်အိမ်ကို မီးရှို့ရာမှ တခြားလူနေအိမ် ၂ အိမ်ကိုပါ မီးကူးသွားသဖြင့် မီးလောင်းကျွမ်းခဲ့သည်ဟုသိရသည်။

မီးလောင်းကျွမ်းသွားသောအိမ်များမှာ ဦးခင်မောင်၊ ဦးဘရွှေနှင့် ကိုကျော်ဆန်းလှိုင်တို့၏ နေအိမ်တို့ဖြစ်ကြသည်။

မီးလောင်းမှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ ဦးခင်မောင်၏ သားဖြစ်သူ ကိုနိုင်နိုင်ချေမှာ အရက်မူးပြီး ၎င်း၏အိမ်ကို မီးရှို့ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ဒီနေ့ နေလယ်ပိုင်းကစလောင်တာပါ၊ အိမ် ၃ အိမ်ပါသွားပါတယ်၊ တခြား ၂ အိမ်က မီးကူးသွားတာပါ၊ သူက ကိုယ့်အိမ်ကို အရက်မူးပြီးမီးရှို့တာပါ” ဟုပြောသည်။

လက်ရှိတွင် မီးရှို့ခဲ့သည့် ကိုနိုင်နိုင်ချေကို ရက္ခိုင့်တပ်တော် နယ်မြေရုံးက ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသိရသည်။

မတ်လ ၄ ရက်နေ့ကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းတွင် မီးလောင်မှုဖြစ်ပွားရာမှ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်။

၂၀၂၃ ခုနှစ်တွင် မီးလောင်မှုစုစုပေါင်း ၉ကြိမ်ရှိသည်ဟု ABN သတင်းဌာနမှလေ့လာချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ