Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် အကြမ်းဖက် စစ်ကောင်စီက လက်ကြီးဖြင့်ပစ်သည့်ကျည်ထိ၍ ပြည်သူ ၉ ထက်မနည်း ပြင်းထန်ဒဏ်ရာရ

AB News – မတ်လ ၁၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းနယ်တွင် ယမန်နေ့ မတ်လ ၁၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၉ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်တန်းကြိမ်ချောင်းရွာမှ   အသက် ၅၄ နှစ်အရွယ် ဒေါ်မနွဲ့ရီ၊ အသက် ၂၇ နှစ်ရွယ် ဒေါ်နှင်းနှင်းဝေ၊ အသက် ၅ နှစ်အရွယ် မခိုင်သဇင်ဦး၊ အသက် ၃ နှစ်အရွယ် မနှင်းယုခိုင်၊ အသက် ၁၀ နှစ်အရွယ် မခင်ဆန်းဦး၊ အသက် ၁၆ နှစ်အရွယ် မဇင်ဇင်မိုး၊ အသက် ၄၆ နှစ်အရွယ် ဒေါ်အေးခင်မေ၊ အသက် ၅၃ နှစ်အရွယ် ဦးသန်းနွဲ့ နှင့် အသက် ၇၃ နှစ်အရွယ် ဦးဦးသိန်းထွန်းတို့ဖြစ်သည်။

ထို့အပြင် တချိန်တည်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံရွာတွင်လည်း လက်နက်ကြီးကျည်ထိမှန်ပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြား ကြားရသော်လည်း ABN အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

စစ်တွေအခြေစိုက် စစ်ကောင်စီ ပါဒလိတ် ခလရ ( ၃၄၄) တပ်ရင်းမှ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် ပု​ဏ္ဏားကျွန်းနယ်သို့ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ရာတွင် ထိုရွာများတွင် လက်နက်ကြီးထိမှန်ကာ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရသွားခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါလက်နက်ကြီးသည် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အိမ်ထဲတွင်ရှိနေသည့် သူများ ကျည်ထိမှန် ဒ​ဏ်ရာ ရရှိသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“လက်နက်ကြီးက ရွာထဲမှာ ကျတယ်။ အိမ်မှာထိုင်နေတဲ့သူတွေ လက်နက်ကျည်စ ထိမှန်သွားတယ်။ ဒဏ်ရာပြင်းတဲ့လူတွေလည်း ရှိတယ်” ဟု ဆိုသည်။

၎င်းတို့ထဲတွင် အသက် ၃ နှစ်အရွယ်ရှိ မနှင်းယုခိုင်မှာ ဦးခေါင်းနှင့် ရင်ဘတ်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ထို့အပြင် ဒေါ်ခင်အေးမေမှာလည်း ညာဖက်ဝမ်းပိုက်၌ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကာ ဦးဦးသိန်းထွန်းမှာ ဘယ်ဖက်နားထင်ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း စစ်တွေမြစ်တွင် အခြေချတပ်စွဲထားသည့် စကစ နေဗီမှ လက်နက်ကြီး ၁ လုံးသည် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ကျရောက်ပေါက်ကွဲ ပြီး ပေါက်တောမြို့နယ်က စစ်ဘေးရှောင်လာသည့် ပြည်သူ ၁၄ ဦး လက်နက်ကျည်ထိမှန်ပြီး ၃ ဦး​သေဆုံးသွားခဲ့ကာ ၁၁ ဦးပြင်းထန်ဒဏ်ရာရှိသွားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ရှိပြည်သူများကို လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်နေသည့်အတွက် သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူများစွာရှိလာသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ