Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် နွားများသေဆုံးမှုဖြစ်

ABN- မေအိအိအောင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် သောက်သုံးရေများ ခမ်းခြောက်လာပြီး မသန့်ရှင်းသည့် ရေများကို သောက်သုံးရခြင်းကြောင့် ကျေးရွာအချို့မှ နွားများ သေဆုံးမှုရှိနေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒိုးတန်းကျေးရွာတွင် ရေများခမ်းခြောက်လာပြီး သောက်သုံးရေများ ရှားပါလာသည့်အတွက် ရွာအတွင်းမှ နွားများမှာ မသန့်ရှင်းသည့်ရေများနှင့် ဆားငန်ရေများကို အဆမတန် သောက်သုံးမှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ABN သို့ပြောသည်။

‘’ရေမကောင်းတဲ့အတွက်ကြောင့် သေတာပါ။ ရောဂါကြောင့်သေတာတော့မဟုတ်ပါဘူး။ ရေချိုတွေ မသောက်ရဘူး ။ ရေငံတွေ ၊ ပေါ့တဲ့ရေတွေသောက်ရတဲ့အတွက် နွားတွေ အားပြတ်ပြီးသေတာပါ” ဟုပြောသည်။

ဒိုးတန်းကျေးရွာတွင် ရေငံများကို သောက်သုံးမှုများသည့်အတွက်ကြောင့် ဧပြီလ အစောပိုင်းက နွား ၆ ကောင်ခန့်သေဆုံးခဲ့ကြောင်းနှင့် နေပူချိန်မြင့်တက်လာသည့်အတွက် ကျေးရွာသားများ သောက်သုံးရန် ရေပင် ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

“အခု နွေရာသီပိုင်းပါ ၃ လပိုင်း၊ ၄ လပိုင်းက သေတာပါ။ နေပူချိန်လည်း ပိုပြင်းလာတဲ့ အတွက် လူတွေသောက်ဖို့အတွက်တောင် အခက်အခဲတွေရှိပါတယ်” ဟုဆိုသည်။

ယခု နွေရာသီအတွင်း အပူချိန်မြင့်တက်မှုများကြောင့် ရခိုင်ပြည်တွင်းရှိ ကျေးရွာများတွင် ရေခန်းခြောက်မှုများဖြစ်ပြီး သောက်သုံးရေမလုံလောက်မှုများနှင့် နွားများ သေဆုံးမှုများဖြစ်ပေါ်လျက်ရှိသည်။

ရခိုင်ပြည်၊ မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်ရှိ မင်းကန်သောက်ရေကန်နှင့် ပြည်တော်လှရပ်ကွက်ရှိ ပြည်တော်လှ‌ သောက်ရေကန်မှာလည်း ရေများခမ်းခြောက်ပြီး ကန်အတွင်းရှိမြေများမှာလည်း အက်ကွဲကြောင်းများပင် ပေါ်နေကြောင်းသိရသည်။

ဓာတ်ပုံ- ပုံဟောင်း

ပုဏ္ဏားကျွန်းနယ်တွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် နွားများသေဆုံးမှုဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ