Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် လူနေအိမ်တစ်အိမ်မှ ရွှေကျပ် ၂၆ ကျပ်နှင့် ကျပ်သိန်း ၈၀ ကျော်အခိုးခံရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၅ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စံပြရွာတွင် လူနေအိမ် တစ်အိမ်မှ ရွှေ၂၆ ကျပ်နှင့် ငွေကျပ်သိန်း ၈၀ ကျော်အခိုးခံရသည်ဟုသိရသည်။

အခိုးခံရသော ပိုင်ရှင်မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စံပြရွာမှ ဦးမောင်ယေနှင့် ဒေါ်မဲမချေ (ခေါ်) နုအေးသိန်းတို့ဖြစ်သည်။

အဆိုပါ ငွေနဲ့ ရွှေမှာ မည်သည့် အချိန်မှ ပျောက်ဆုံးသွားသည်ကို မသိဘဲ စက်တင်ဘာလ ၂၅ရက်နေ့ နံနက် ၆နာရီကျော်အချိန်မှ ရွှေနှင့် ငွေအခိုးခံရခြင်းကိုသိရှိလိုက်ရသည်ဟု ပိုင်ရှင်ဒေါ် မဲမချေက ပြောသည်။

“ဘယ်အချိန်ကပျောက်သွားမှန်းတော့မသိပါဘူး၊ သိတာကတော့ ဒီနေ့မနက် ၆ နာရီအချိန်ကသိတာ၊ မနေ့ည ၆နာရီအချိန်ထိ ရွှေတွေ၊ ငွေတွေက ရှိပါသေးတယ်၊ တက်ခိုးသွားတဲ့အချိန်ကိုလည်းမသိပါဘူး” ဟုဆိုသည်။

ပျောက်ဆုံးသွားသောရွှေကျပ်ချိန် စုစုပေါင်း ၂၆ကျပ်ရှိပြီး၊ ၁၅ပဲရည်ရွှေများဖြစ်ကာ ငွေကျပ် သိန်း ၈၀လည်း အခိုးခံလိုက်ရကြောင်း ပိုင်ရှင် ဦးမောင်ယေကပြောသည်။

” ရွှေက ၂၆ကျပ်ပါ၊ ၁၅ ပဲရည်ရွှေပါ၊ ငွေက သိန်း ၈၀ ကျော်ပါ၊ စုစုပေါင်း တန်ဖိုးကတော သိန်း ၁၀၀၀ ကျော်ခန့်ရှိပါတယ်၊ အခုရွှေစျေးလည်းသိတဲ့အတိုင်းပါပဲ၊ ခုချိန်ထိတော့ ဘာမှမသိရသေးပါဘူး” ဟုဆိုသည်။

စက်တင်ဘာလ ၂၄ရက်နေ့ညက ၎င်းနေအိမ်တွင် မိသားစု ၃ဦးသာအိပ်ကြသည်ဟုသိရသည်။

လက်ရှိတွင် ထိုရွှေခိုးမှုကို ULA/AA နယ်မြေတရားရုံးတွင်တိုင်းကြားထားကြောင်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ