Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စစ်ဘေးရှောင်မိသားစု ၄ဦး ရွာပြန်လာချိန်၌ လက်နက်ကြီးကျည်ထိမှန်ပြီး ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပုဏ္ဏားကျွန်းနယ်တွင် စစ်ဘေးရှောင်မိသားစု ၄ဦး ရွာပြန်လာချိန်၌ လက်နက်ကြီးကျည်ထိမှန်ပြီး ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

AB News – မတ်လ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်  ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ မိသားစု ၄ ဦးသည် ရွာပြန်လာချိန်၌ လက်နက်ကြီးကျည်ထိမှန်၍၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ အမျိုးသမီး ၂ ဦးဖြစ်ကြောင်း သိရသည်။

သူတို့မိသားစုမှာ  ပေါက်တောမြို့နယ် လှခိုင်ကျေးရွာတွင် စစ်ဘေးရှောင်နေရာမှ မတ်လ ၈ ရက် ညနေ ၃ နာရီကျော်တွင် နေရပ်သို့အပြန် ဆိပ်ကမ်းအတက်၌ စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ပုဏ္ဏားကျွန်းမှာတိုက်ပွဲဖြစ်မှာကြောက်လို့ သူတို့မိသားစုက ပေါက်တောဖက်ကို စစ်ဘေးရှောင်ဖို့သွားပါတယ်။ ပုဏ္ဏားကျွန်းကို AA ကသိမ်းပိုက်ပြီဆိုတော့ ရွာကိုပြန်လာကြတယ်။ ရွာဆိပ်ကမ်းကိုရောက်တော့ လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲသွားတယ်။ အဲ့ဒီမှာသေသွားတာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်တွေအခြေစိုက်ပါဒလိတ်တပ်ရင်းမှ လက်နက်ကြီးကျည်ပစ်ခတ်၍ မင်းကန်ရွာမှ ကျောင်းသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်သူများ အသက်သေဆုံးမှုများနေ့စဥ်ရက်ဆက် တိုးလာနေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ