Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စကစ စစ်စခန်း ၁ ခုအား AA မီးရှို့၊ နောက်စခန်း ၁ခုအားမီးရှို့ရန် လုပ်ဆောင်နေ

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ရွာ၏တောင်ပေါ်တွင် တပ်စွဲထားသည့် စကစ စခန်းတစ်ခုအား AA မှ မီးရှို့နေပြီး ကျန်စခန်းတစ်ခုကိုလည်း မီးရှို့ရန် လုပ်ဆောင်နေကြောင်း သတင်း ရရှိသည်။

ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင်များသည် ယနေ့ အောက်တိုဘာ ၁၄ ရက် နေ့လည် ၂ နာရီကျော်တွင်ပေါက်တောပြင်တောင်ရှိ စကစ တပ်စခန်းတစ်ခုအား မီးရှို့ခဲ့ကြောင်း သိရသည်။

စကစ စခန်းတစ်ခုလုံး မီးလောင်ကျွမ်းနေပြီး စကစ တပ်ဖွဲ့ဝင်များလည်း ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” စခန်းကိုတော့ AA ကမီးရှို့နေပြီ၊ စကစ တပ်ဖွဲ့ဝင်တွေထွက်ပြေးနေကြတယ်၊ နောက်စခန်းတစ်ခုလည်း မီးရှို့ဖို့လုပ်နေပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းစခန်းများမှ ထွက်ပြေး၍ လက်ဝဲစာတိုက်နှင့် အောင်သာစည်ကြားတပ်စွဲထားသည့် တံတားဦးတောင်ပေါ်သို့ တက်ပြေးနေကြကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင်ပြည်သူများလည်း စစ်ဖြစ်လာမည်စိုးရိမ်နေသည့်အတွက် အထုတ်အပိုးများ သိမ်းဆည်းထားကြောင်း သိရသည်။

ယမန်နေ့ကလည်း မောင်တောမြို့နယ် ရွှေရင်အေးရဲကင်းစခန်းတစ်ခုကို AA မှ မီးရှို့ခဲ့ပြီး စကစ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ