Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် အစာအဆိပ်သင့်၍ ကျောင်းသားတစ်ဦးသတိလစ်၊ စစ်တွေသို့အရေးပေါ်ပို့ဆောင်

ABN-ကိုဟိန်းထွန်း

ဇွန် ၇ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်းရွာချေမှ အစာအဆိပ်သင့်သောကြောင့် ကျောင်းသားတစ်ဦး သတိလစ်သွား၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ၎င်း၏မိဘများနှင့်အတူ ယနေ့ညနေ ၅ နာရီခွဲတွင်ဆေးကုသရန်အရေးပေါ်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အစာအဆိပ်သင့်သူမှာ မောင်ဟိန်းထက်အောင်၊ စတုတ္ထတန်းကျောင်းသားတစ်ဦးဖြစ်သည်။

ထိုသူမှာ ကပ္ပလီဥ (ပီလောပီနံဥ) စားပြီး နာရီဝက်ခန့်အကြာတွင်ဓညှင်းသီးကို စားခဲ့ရာမှ ကျောင်းမှ ပြန်လာချိန်တွင် နေမကောင်းဆိုပြီးအိပ်နေရာ သတိလစ်သွားပြီး၊ ပြန်နိုးလာချိန်၌ အော်ခေါ်၍ ရုန်းရန်းဆန်ခတ်ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်မိုးမိုးဌေးက ABN သို့ပြောသည်။

“ကျောင်းတစ်ချိန်ဆင်းလို့ ကျောင်းကအိမ်ပြန်လာပါတယ်၊ ​ကပ္ပလီဥ (ပီလောပီနံဥ) ကိုအရင်စားပါတယ်၊ နာရီဝက်လောက်နေတော့ ဓညှင်းသီး ၂ လုံးစားပါတယ်၊ ကျောင်းပြန်တက်သွားတယ်၊ ကျောင်းဆင်းတဲ့အခါ နေမကောင်းဆိုပြီးအိပ်ပါတယ်၊ ဘာစကားမှမပြောပဲအိပ်သွားတယ်၊ နိုးလာတော့ အိမ်မှာရှိတဲ့သူတွေကိုကြောက်လန့်ပြီးအော်ခေါ်တယ်” ဟု ဆိုသည်။

အစာအဆိပ်သင့်သောအစားအစာများကို အန်ထုတ်ပြီး ကြောက်လွန်းအားကြောင့် စကားမပြောနိုင်ဘဲရှိကြောင်းသိရသည်။

ဖြစ်လျှင်ချက်ချင်း ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာရှိ တိုက်နယ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင်လည်း အော်ခေါ်ပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်ကာ ဆရာဝန်မှ စစ်တွေသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ABN သို့ပြောသည်။

“ကလေးဖြစ်တာနဲ့ အလယ်ချောင်းဆေးရုံကိုသွားပါတယ်၊ ဆေးရုံမှာလည်း အော်ပြီးရုန်းရင်းခတ်နေတယ်၊ သတိတစ်ခေါက်ရလိုက်၊ ပြန်မေ့လိုက်ဖြစ်နေတယ်၊ ဆရာဝန်ကလည်းအဆင်ပြေမယ့်နေရာဖြစ်တဲ့စစ်တွေဆေးရုံကိုယူသွားဆိုပြီးပြောတယ်” ဟု ၎င်းမှပြောသည်။

လက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လျက်ရှိခဲ့ကြောင်းမိသားစုဝင်များထံမှသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ