Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် ဘုန်းတော်ကြီးကျောင်း ၁ ဆောင် မီးလောင်မှုဖြစ်ပြီး လေဖြတ်ဝေဒနာခံစားနေရသည့် ရဟန်းတော် ၁ ပါး မီးလောင် ပျံလွန်တော်မူ

ABN – ကိုဟိန်းထွန်း

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်း၏ အနောက်ဖက် သင်္ဃာဆောင် မီးလောင်မှုဖြစ်ပွားပြီး လေဖြတ်ဝေဒနာခံစားနေရသည့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မှုခဲ့သည်ဟု သိရသည်။

ပျံလွန်တော်မှုသွားခဲ့သည့် ရဟန်းတော်မှာ သက်တော် ၇၂ နှစ် ဝါတော် ၃၀ ဖြင့် လေဖြတ်ရောဂါခံစားနေရသည့် ဦးပဏ္ဍဝဖြစ်ပြီး မီးလောင်ချိန် မီးလောင်သည့်အခန်းထဲမှ ထွက်မရောက်ပဲ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုလေဖြတ်ဝေဒနာ ခံစားနေရသည့် သက်တော်ကြီး ရဟန်းတော်မှာ ဦးရာဇ်တောင်ဖက်ကမ်း အင်ကြင်းတောင်တောရကျောင်းမှ ဆေးကုသရန် ပြောင်းရွှေ့သီတင်းသုံးနေခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ မီးသတ်ဌာမှ တာဝန်ရှိသူတစ်ဦးမှ ABN ကိုပြောဆိုသည်။

“အဲ့ဒီရဟန်းက လေဖြတ်နေတာပါ။ ဦးရာဇ်တောင်ကမ်းဖက်က ပြောင်းလာတာပါ။ ရောက်တာ ၂ ရက် ၃ရက် ရှိသွားပါပြီ၊ မီးလောင်တာက သူ့ဘာသာသူ ရေနွေးအိုးကြိုရင်း မီးလောင်သွားတာပါ” ဟု ၎င်းမှဆိုသည်။

အဆိုပါမီးလောင်မှုကို ပုဏ္ဏားကျွန်းမြို့မီးသတ်တပ်ဖွဲ့မှ ကား ၂ စီးဖြင့် သွားရောက်၍ ငြိမ်းသတ်ပေးခဲ့ကြောင်း မီးသတ်ဌာနမှ ပြောကြားသည်။

“ကျွန်တော်တို့ကိုဖုန်းဆက်လာတာ ၉ နာရီ ၄၅ မိနစ်ပါ၊ ကျွန်တော်တို့လည်း မီးသတ်ကား ၂ စီးနဲ့ သွားပြီးတော့ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ပေးခဲ့ပါတယ်၊ မီးငြိမ်းတာကတော့ ၁၀ နာရီ ၁၅မိနစ်ပါ” ဟု ဆိုသည်။

ဘုန်းတော်ကြီးကို ပုဏ္ဏားကျွန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ယနေ့ ညနေပိုင်းတွင် သင်္ဂြိုဟ်မည်ဟု သိရသည်။

ပုဏ္ဏားကျွန်းတွင် ဘုန်းတော်ကြီးကျောင်း ၁ ဆောင် မီးလောင်မှုဖြစ်ပြီး လေဖြတ်ဝေဒနာခံစားနေရသည့် ရဟန်းတော် ၁ ပါး မီးလောင် ပျံလွန်တော်မူ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ