Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီ၏ သံချပ်ကာကား ၂ စီးကို AA တိုက်ခိုက်ဖျက်ဆီး

AB News-မတ်လ ၁၊ ၂၀၂၄

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် နေ့လယ် (၂) နာရီ (၂၈) မိနစ်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား (၂) စီးကိုလည်း အဆိုပါ အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်သည်။

ပုဏ္ဏားကျွန်းမြို့ရှိ ၅၅၀ တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန် လက်တစ်လုံးအလိုသို့ရောက်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ညက AA ထုတ်ပြန်ချက်အရ သိရသည်။

ယမေ့မနက်ကလည်း စစ်ကောင်စီဖက်မှ တိုက်ဆလယာဥ်များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များကိုမူ AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ