Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်မှ ဆီဆိုင်ပိုင်ရှင်များနှင့် အုတ်လုပ်ငန်းရှင်များထံမှ ဘိလပ်မြေနှင့် အုတ်တောင်း

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ် တပ်မ ၅၅၀ သည် ဆီဆိုင်များနှင့် အုတ်လုပ်ငန်းရှင်များထံမှ ဘိလပ်မြေနှင့် အုတ်တောင်းနေကြောင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ နေ့က ပုဏ္ဏားကျွန်းမြို့တွင်တပ်စွဲလျက်ရှိသည့် စစ်ကောင်စီတပ် တပ်မ ၅၅၀မှ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဓာတ်ဆီဆိုင်၊ ရေနံဆီဆိုင်ပိုင်ရှင်များနှင့် အုတ်လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူပြီး ဆီဆိုင်ပိုင်ရှင်များထံမှ ​ဘိလပ်မြေအိတ် ၆၀နှင့် အုတ်လုပ်ငန်းရှင် တစ်ဦးစီထံမှ အုတ် ၁၀၀၀ တို့ကို တောင်းခဲ့ကြောင်း ခိုင်မာသည့်သတင်းအရင်းအမြစ်ပြောကြားချက်အရသိရသည်။

“သူတို့ပြောတာကတော့ ရေကန်ဆောက်မယ်ပြောပါတယ်၊ အစကတော့ ဆီဆိုင်ပိုင်ရှင်တွေဆီက ဘိလပ်မြေအိတ် ၁၀၀ တောင်းတယ်လို့ ပြောပါတယ်၊ ဆီဆိုင်ပိုင်တွေက မပေးနိုင်ဘူးဆိုတော့ အိတ် ၆၀ပေးဖို့ ပြောခဲ့တယ်လို့ ပြောပါတယ်၊ ပြီးတော့ အုတ်လုပ်ငန်းရှင်တစ်ဦးချင်းစီဆီကတော့ အုတ်ခဲ ၁၀၀၀ လောက်တောင်းပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ၅၅၀ တပ်က ခေါ်ယူသည့် အစည်းအဝေးကို ဆီအရောင်းဆိုင်ပိုင်ရှင် ၁၆ ဦးခန့် အစည်းအဝေး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ထဲရှိ စစ်ကောင်စီ ၅၅၀ တပ်မှာ အုတ်နှင့် ဘိလပ်မြေ တောင်းနေခြင်းမှာ မြို့တွင်း ကင်းရုံများ တည်ဆောက်ရန်အတွက် တောင်းခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

၅၅၀ တပ်သည် ပြီးခဲ့သည့် ရခိုင်ပြည်အတွင်း တကျော့ပြန် တိုက်ပွဲကာလက မြို့ထဲမှ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့အနီး ကျေးရွာများမှ ပြည်သူအချို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့မှုရှိခဲ့ကာ စစ်ဘေးရှောင်နေခဲ့ရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နှင့် ကပ်လျက်ရှိသည့် ဆင်အင်းကြီးကျေးရွာမှ အရပ်သား ၁၀ ဦးမှာလည်း စစ်ကောင်စီက ရွာထဲဝင်ပြီး ပစ်သတ်ခဲ့သောကြောင့် လမ်းမထက်တွင် သေဆုံးခဲ့ရပြီး နေအိမ် ၉ အိမ်ကိုလည်း မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်သူများအား ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်၍ ထောက်ပံ့မှုများ ပြုလုပ်သည်ဟု စွပ်စွဲကာ ၁၇ (၁) ဖြင့် တရားစွဲဆိုထောင်ချမှုများရှိခဲ့သောကြောင့် စစ်တပ်ကောင်စီတပ်အား ပြည်သူများက ထောက်ပံ့လျှင်လည်း AA က ဖမ်းဆီးအရေးယူမည်ကို စိုးရိမ်နေကြကြောင်း ဆီပိုင်ရှင်များ အသိုင်းအဝန်းမှ သိရသည်။

ပုံစာ-စစ်ကောင်စီစစ်ကြောင်း ပုံဟောင်း

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်မှ ဆီဆိုင်ပိုင်ရှင်များနှင့် အုတ်လုပ်ငန်းရှင်များထံမှ ဘိလပ်မြေနှင့် အုတ်တောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ