Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါဒလိတ်တပ်ရင်းမှ ပစ်ခတ်သောလက်နက်ကြီးထိမှန်ပြီး ပဒေသာရွာသစ်တွင် အိမ်တစ်ဆောင် ပျက်စီးသွား

( မပေါက်ကွဲသေးသော လက်နက်ကြီးတစ်လုံးရှိနေသေး)

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် ပဒလိတ်တပ်ရင်းမှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာသစ်တွင် အိမ်တစ်ဆောင် ပျက်စီးသွားခဲ့ကြောင်း AB News ကထောက်လှမ်း သိရသည်။

စကစ အကြမ်းဖက်အဖွဲ့သည် ယမန်နေ့ည ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၁ မိနစ်တွင် လက်နက်ကြီးကျည် ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ ၎င်းရွာသို့ ကျရောက်ပေါက်ကွဲ သွားခဲ့သည်။

လက်နက်ကြီးသည် ဒေါ်နုနုသန်းနေအိမ်သို့ ကျရောက် ပေါက်ကွဲ၍ ဓနိမိုးအိမ်တစ်ဆောင်လုံး ပျက်စီးခဲ့သော်လည်း ၎င်းတို့မိသားစုသည် တစ်ခြားတစ်နေရာသို့ စစ်ဘေးရှောင်နေသည့်အတွက် မည်သူတစ်ဦးတစ်ယောက်မျှထိခိုက်မှု မရှိခဲ့ကြောင်း ပဒေသာ ရွာခံသားတစ်ဦးက AB News သို့ ပြောသည်။

“လက်နက်ကြီးက အိမ်ကို ထိသွားတယ်၊ တစ်ဆောင်လုံးပျက်စီးသွားတယ်၊ လူတွေ စစ်ဘေးရှောင်နေလို့ အထိအခိုက်တော့ မရှိပါဘူး “ဟု ဆိုသည်။

ထို့အပြင် ဦးအောင်သာထွန်းအိမ်ခြံထဲတွင်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် တစ်လုံးရှိနေသေးသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

၎င်းအိမ်နှင့် အိမ်နီးချင်းကပ်နေသော နေအိမ် ၂ လုံးလည်း လက်နက်ကျည်စများ ထိမှန်သွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပဒေသာရွာသစ်တွင် အိမ်ခြေ ၈၀ ကျော်ခန့်ရှိပြီး စစ်တွေ-ရန်ကုန် အဝေးပြေး ကားလမ်းမ​ဘေးတွင်တည်ရှိသည်။

၎င်းရွာသည် စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်းမကြီးပေါ်တွင်တည်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် စကစ အကြမ်းဖက်အဖွဲ့သည် ပြည်သူများနေအိမ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လာခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်း နှင့်ဗုံးခိုကျင်းများကို ဖျက်ခိုင်းခြင်းများ တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ