Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါတီ ဖျက်သိမ်းခံရသော်လည်း ပြည်သူ့အကျိုးဆောင်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ALD ပါတီပြော

ပါတီ ဖျက်သိမ်းခံရသော်လည်း ပြည်သူ့အကျိုးဆောင်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ALD ပါတီပြော

ABN -ရာဟု

အာဏာသိမ်းစစ်ကောင်စီ ကဖွဲ့စည်းထားသည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ရန် လျှောက်ထားခြင်မရှိသည့် နိုင်ငံ​ရေး ပါတီ ၄၀ကို မတ်လ ၂၈ရက်နေ့တွင် ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ ရာတွင် ရခိုင်က ALDပါတီအပါအဝင် ပါတီ၃ခု ပါဝင်ကြောင်းသိရသည်။

ရခိုင်ပြည်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ KNPPနှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ DNDP ပါတီ၃ခု ဖျက်သိမ်းခံရသည့်အထဲတွင်ပါဝင်နေသည်။

ALD ပါတီဖျက်သိမ်းခြင်းခံရသော်လည်း ပြည်သူ့အကျိုးဆောင်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။

ပါတီတွင် အာဏာရှင်နှင့်မပူပေါင်းရဟု တရားဝင်သတ်မှတ်ထားကြသည့်အတွက် အာဏာရှင်ကပြုလုပ်သည့် ပါတီမှတ်ပုံတင်ခွင့်ကို မလျှောက်တင်ခဲ့​သည့်အတွက် ရွေးကောက်ပွဲကော်မရှင်က ပါတီဖျက်သိမ်းလိုက်သည့်အပေါ်တွင် မှတ်ချက်တစ်စုံတစ်ရာပြောစရာမရှိဟု ပြောသည်။

“ပါတီက အာဏာရှင်မပေါ်ပေါက်ရေးမူရှိတယ်၊အာဏာရှင်နှင့် မပူးချင်တဲ့အတွက် မှတ်ပုံမတင်တာ၊ပါတီဖျက်သိမ်းတာက ဘာမှပြောစရာမလိုဘူး၊သူတို့အလုပ်ကို သူတို့လုပ်တာဘဲ”ဟု ဦးမြတ်ထွန်းက ABNသို့ပြောသည်။

ပါတီကိုဖျက်သိမ်းလိုက်သော်လည်း ၁၉၉၂ခုနှစ်ကလို ပါတီဝင်တွေစုစုစည်းစည်းနှင့် ဆန္ဒရှိသလောက် အလှူငွေများထည့်ခံကာ ပါတီအမည်မသုံးဘဲ ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီပြောခွင့်ရ ဦးမြတ်ထွန်းကပြောဆိုသည်။

“ပါတီကိုဖျက်လဲ ၁၉၉၂ခုနှစ်လို ပါတီနာမည်မသုံးဘဲ ပါတီဝင်တွေစုစည်းကာ ပြည်သူအခက်အခဲကို ဖြေရှင်းပေးမယ်” ဟု ဦးမြထွန်းက ABNကို ပြောသည်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ထားသည့် ရခိုင်ပြည်မှ ပါတီ ၅ခုအထိရှိကြောင်းသိရသည်။

ထိုနိုင်ငံရေးပါတီများမှာ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီAFP၊ ဦးသာထွန်လှဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင်ပြည်အမျိုးသားအင်အားစုပါတီ RSNUP၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြိုတိုင်ရင်းသားတိုးတက်ရေးပါတီတို့ဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး