Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝ ဒေသတစ်ခုလုံးကို AA ထိန်းချုပ်

AB News -ဇန်နဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်သူများအား နှစ်ရှည်လများ ဒုက္ခပေးနေသော ပလက်ဝဒေသအတွင်း စကစ ဗျူဟာကုန်းများ၊ စခန်းကုန်းများကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အာလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း AA က  ထုတ်ပြန်သည်။

၎င်းဗျူဟာကုန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ နေ့မှစတင်ကာ ရက္ခိုင့်တပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်ကုန်းပြီး တစ်ကုန်းသိမ်းပိုက်ရရှိခဲ့ကာ နောက်ဆုံးအပြီးသတ်တိုက်ပွဲအဖြစ် အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆)  အစရှိသောစခန်းများကို ဗျူဟာမြောက် စွာဖြင့် စနစ်တကျ တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤကဲ့သို သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်ဝမြိုတစ်မြိုလုံးကို နောက်ဆုံးတွင်မှ အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သကဲ့သို အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီ လည်း ဖြစ်ကြောင်း AA ကဆိုသည်။

ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ အထိုင်ချတပ်စွဲထားသော တရွန်အိုင်ဗျူကုန်း၊ နှုးဘူး ဗျူဟာကုန်းအပါအဝင် စခန်းကုန်ကြီး စခန်းငယ် ၁၄၂ ခုကို သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် စကစ ခလရ ( ၂၈၉) တပ်ရင်းဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဤ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသအတွင်း မိမိတို ဝန်းရံပိတ်ဆိုဖြတ်တောက်ထားသည့် စခန်း များစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစခန်းကြီးလည်း ဖြစ်သည်။ ထိုအပြင် ဤတပ်ရင်း ဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲညွှန်ကြားနေသော ဌာနချုပ်စခန်း ဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို၏ စစ်စခန်းများသို ထောက်ပိုပေးနေသော ထောက်ပိုဗျူဟာကုန်းကြီးလည်း ဖြစ်ကြောင်း AA ကဆိုသည်။

ထိုအပြင်  ဇန်နဝါရီလ  ၁၃ ရက်နေ့တွင် စက စနောက်ဆုံးလက်ကျန်ဖြစ်သော ခန်ခတောင်ဗျူဟာကုန်းကိုသိမ်းပိုက်ရရှိခဲ့ပြီး  ပလက်ဝ အခြေစိုက် မီးဝဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းအများရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရက္ခိုင်ပြည်သူများကိုနှစ်ရှည်လများဒုက္ခပေးနေသော နှမဒါဗျူဟာကုန်းကြီးကို လည်း ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်သည်။

အာရက္ခစစ်သည်တော်များ၏ ထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု နှင့် ရန်သူ၏အားနည်းချက်ကို အမိအရဖမ်းဆုပ်ရယူနိုင်မှုများဖြင့် ရယူခဲ့သောစခန်းများဖြစ်ကြသည်။ တခြားတစ်ဖက်တွင် လည်း ဆက်စပ်တိုက်ပွဲများ၊ ဟန်ချက်ညီတိုက်ပွဲများဖြင့် ရန်သူ၏စခန်းများကို တစ်ခုပြီးတစ်ခု ဗျူဟာကျစွာဖြင့် သိမ်းပိုက် ခဲ့ခြင်းဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မှစ၍ ပလက်ဝဒေသတစ်ခုလုံးမှာ “စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပြီဖြစ်သည့်အပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား နှင့် စစ်ကောင်စီ၏အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း AA ကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ