Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝရှိ စစ်ကောင်စီ၏ စကခ ၁၉ လက်အောက်ခံ ခမရ ၃၀၈ တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီး

AB News- ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင့်တပ်တော်သည် ပလက်ဝရှိ စစ်ကောင်စီတပ်၏ စကခ ၁၉ လက်အောက်ခံ ခမရ ၃၀၈ တပ်ရင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် နံနက် ၉နာရီ အချိန်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယ မန်နေ့ ဇန်နဝါရီ ၉ ရက်တွင် ရက္ခိုင့်တပ်တော် သတင်းထုတ်ပြန်ချက် အရသိရသည်။

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ပလက်ဝတွင် စစ်ကောင်စီ ကင်းစင် နယ်မြေ ဖြစ်ရေးအတွက် ရက္ခိုင့်တပ်တော်သည် ပလက်ဝမြိုအနီးနား ပတ်ဝန်းကျင်ရှိ ရန်သူ့စစ်စခန်း၊ တပ်ရင်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် ပလက်ဝမြိုအနီးနားတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၉ရက်တွင် ပလက်ဝ၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတို တစ်နေ့လုံး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ၏ အလောင်းအများအပြားနှင့် လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းအပြင် ရက္ခိုင့်တပ်တော်သည် ကျောက်တော်နှင့် ပလက်ဝ စပ်ကြားနေရာတွင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ မီးဝဗျူဟာကုန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန်အတွက် ဆက်လက်၍ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထိုအပြင်စစ်ရေးအရာတွင်အရှုးနှင့်သာ ရင်ဆိုင်နေရသော အကြမ်းဖက်စစ်ကောင်စီအဖွဲသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိစွာ ပလက်ဝမြိုအနီးအနားရှိ ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးဝရွာမှ အသက်ကြီးပိုင်းအမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ ဆောင်မီးလောင်ပျက်စီးသွားကြောင်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ