Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝရှိ ချင်းလက်ဝစခန်းကုန်းအား ၃ရက်အတွင်း AA တိုက်ခိုက် သိမ်းပိုက်ရရှိ

AB News-ဇန်နဝါရီ ၄၊ ၂၀၂၄

ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကုန်းအား အပြီးတိုင် တိုက်ခိုက်ချေမှုန်းပြီး သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် ထုတ်ပြန်လိုက်သည်။

ချင်းလက်ဝစခန်းကုန်း တိုက်ပွဲအတွင်း ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုထားသည်။

၎င်းစခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်း AA ဆိုသည်။

ထို့အပြင် ခမောင်းဝစခန်းကုန်းအားလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ထပ်လည်း “ပလက်ဝ ပတ်ဝန်းကျင်၌ စစ်ကောင်စီ၏ ဖော်ပြပါစခန်းများဖြစ်ကြသော

(က) ခလရ- ၂၃၃

(ခ) ခမရ- ၃၇၄

(ဂ) ခမရ- ၃၇၆

(ဃ) ခမရ- ၃၀၈

(င) ခမရ- ၂၁၁

(စ) ခမရ- ၂၁၇

(ဆ) ခလရ- ၂၈၉

(ဇ) ခမရ- ၂၂၀ တို့ကိုလည်း နှစ်ဆန်းရက်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။” ဟုညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ-ချင်းလက်စခန်းကုန်းမှ AA သိမ်းပိုက်ရရှိသည့် လက်နက်ခဲယမ်းနှင့်စစ်အသုံးအဆောင်များ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ