Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့တွင် ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦး ထောင်ဒဏ် ၃နှစ်စီချမှတ်ခံရ

ပလက်ဝမြို့တွင် ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့်တရားစွဲဆိုထားခဲ့ပြီး ပြီးခဲ့သည့်နိုဝင်ဘာလ ၂၁ရက်နေ့က ထောင်ဒဏ် ၃နှစ်စီအသီးသီးချမှတ်လိုက်ကြောင်းသိရသည်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ နှစ်ဦးမှာ ပလက်ဝ မြို့မရပ်ကွက်မှ ယာအိမ်မှူး ဦးမောင်ဝင်း ၆၀နှစ်(ရခိုင်)နှင့် ဦးမောင်မဲကျော့ ၅၇နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးအား ပြီးခဲ့သည့် ဇွန်လအစောပိုင်းက သူတို့နေအိမ်အသီသီးမှ ပလက်ဝ အခြေစိုက်၂၈၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့အား ဖမ်းဆီးထားစဉ် ရက္ခိုင့်တပ်တော် ULA/AA နှင့် ဆက်စပ်မှုရှိ မရှိ စစ်ဆေးခဲ့ပြီးနောက် နိုင်ငံတော် ဆူပူလှုံ့ဆော်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ တရားစွဲခဲ့ပြီးထောင်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ရက်နေ့ ကလည်း ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ရဲဝန်ထမ်းတပ်ကြပ် ၃ဦးအား စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ULA/AAနှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ