Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့ကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ကလေး ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ကာရ

ပလက်ဝမြို့ကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ကလေး ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ကာရ

AB News-ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

ပလက်ဝမြို့အား အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်အချိန်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ကလေးငယ် ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် ထုတ်ပြန်သည်။

ပလက်ဝ ဒေသရှိ စစ်ကောင်စီ စစ်စခန်း၊ ဗျူဟာကုန်း၊ တပ်မ၊ တပ်ရင်းများအားလုံးကို တစ်ခုမကျန် ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ထားပြီးနောက် ပထမဆုံးအကြိမ် စကစ က လေကြောင်းဖြင့် လာရောက် တိုက်ခိုက်ခြင်းဖြစ်သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ