Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝဒေသမှ ဖက်ဆစ်စစ်ကောင်စီ၏ ဗျူဟာကုန်း ၂ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင် ၃ဖွဲထုတ်ပြန်

ပလက်ဝဒေသမှ ဖက်ဆစ်စစ်ကောင်စီ၏ ဗျူဟာကုန်း ၂ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင် ၃ဖွဲထုတ်ပြန်

AB News- ဇန်နဝါရီလ ၁၄၊ ၂၀၂၄

ပလက်ဝဒေသမှ ဖက်ဆစ်စစ်ကောင်စီ၏ အခိုင်အမာအခြေချထားသော ဗျူဟာကုန်း ၂ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ရက်နေ့ ညီနောင်မဟာမိတ် ၃ဖွဲ၏ ထုတ်ပြန်ချက်တွင် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်ဗျူဟာကုန်းများဖြစ်သော ခန်ခတောင်ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းဗျူဟာစခန်းများမှ စစ်လက်နက်ပစ္စည်းအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ် ၃ဖွဲ၏ ဇန်နဝါရီလ ၈ရက်နေ့ထုတ်ပြန်ချက်တွင် ပလက်ဝဒေသတစ်ခုလုံးအား စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် ရက္ခိုင့်တပ်တော်မှ နေ့ရောညပါ ရပ်နားမှုမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ပလက်ဝအနောက်ဘက်ခြမ်းမှာ စစ်ကောင်စီ လုံးဝကင်းစင်နေမြေ ဖြစ်သွားပြီး ကျန်ရှိသော စစ်ကောင်စီစခန်းများမှာ လျော့သထက်လျော့လာပြီဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ရက္ခိုင်ပြည် မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြိုနယ်တိုတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတို အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ရေးအရ အရှုးပေါ်နေသော စစ်ကောင်စီတပ်များသည် လေကြောင်း၊ ရေကြောင်း များဖြင့်လည်း ပစ်ကူပေးလျှက်ရှိသည်။

ယင်းအပြင်ဖက်ဆစ်စစ်ကောင်စီတပ်များသည် ပြည်တွင်းစစ်တွင် ကုန်းလမ်းမှ စစ်ကူမပေးနိုင်သဖြင့် ရေကြောင်း၊ လေကြောင်းများဖြင့် စစ်အင်အားဖြည့်တင်းကာ ကုလသမ္ဂမှ စစ်မြေပြင်တွင်မသုံးရန် တားမြစ်ထားသည့် Cluster ဗုံးများကိုလည်း အသုံးပြုတိုက်ခိုက်လျှက်ရှိသည်ကိုတွေ့ရသည်။

ရက္ခိုင်ဒေသတွင်း စစ်ရေးအရရှုးနိမ့်လာသော ဖက်ဆစ်စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများမှာ ရက္ခိုင့်တပ်တော်အား ဦးတည်ချက်ထားခြင်းမျိုးမဟုတ်ဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည်တိုက်ခိုက်လျှက်ရှိသည်။

ယင်းကဲသို ပြည်သူကိုဦးတည်ချက်ရှိရှိဖြင့် နှစ်ရှည်လများ ဒုက္ခပေးလာသော စစ်ကောင်စီတပ်များကို ယခုထက်ပို၍ လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ နေ့ရော့ညပါ ကြိုးစားတိုက်ခိုက်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ