Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မရပ်မနားထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ညီနောင်သုံးဖွဲဆို

ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မရပ်မနားထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ညီနောင်သုံးဖွဲဆို

AB News – ဇန်နဝါရီ ၉၊၂၀၂၄

ပလက်ဝဒေသတစ်ခုလုံးရှိ ပြည်သူကိုဒုက္ခပေးနေသည့် ရန်သူ့ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်အနေဖြင့် မရပ်မနားဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ၏ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်တော်သည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  ၉  ရက်နေ့အထိ ရက်ပေါင်း ၇၄ ရက်အတွင်း ပလက်ဝမြိုနယ်ရှိ ရန်သူ့စစ်စခန်းများထဲမှ သိမ်းပိုက်ရရှိထားသော စခန်းကုန်းများမှာ-
(၁) ခလရ (၂၈၉) ပတ်ဝန်းကျင်မှ စစ်စခန်းငယ် (၃) ခု
(၂) စစ်ကောင်စီဂိတ်များ
(၃) လာမွီတောင်စခန်းကုန်း (တပ်မ ၁၁ လက်အောက်ခံ၊ ခမရ ၂၁၁ တပ်ရင်း၊ ယာယီအခြေပြုစခန်း)
(၄) ရင်ကွဲတောင်တပ်စခန်းကုန်း (တပ်မ ၁၁ လက်အောက်ခံ၊ ခမရ ၂၁၁ တပ်ရင်း၊ ယာယီအခြေပြုစခန်း)
(၅) ပွိင့် ၁၂၉ ကုန်း (တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ ယာယီအခြေပြုစခန်း)
(၆) တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ အောက်သဲမဝကျေးရွာအနီး ယာယီအခြေပြုစခန်း
(၇) ပွိင့် ၁၅၉ ကုန်း (တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ ယာယီအခြေပြုစခန်း)
(၈) တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ အဘောင်ဝကျေးရွာအနီး ယာယီအခြေပြုစခန်း
(၉) တရွန်အိုင်ဗျူဟာ
(၁၀) နှုးဘူးဗျူဟာ
(၁၁) မြိတ်ဝစခန်း
(၁၂) ကားလမ်းလုံခြုံရေးစခန်း
(၁၃) ပွိင့် ၃၉၁ စခန်း
(၁၄) ပကာဝ စခန်း
(၁၅) ပွိင့် ၃၅၁ စခန်း
(၁၆) ဒိုးချောင်းဝစခန်း
(၁၇) ဆနွင်းတောင်ကြောစခန်း
(၁၈) ပွိင့် ၃၇၇
(၁၉) ခမောင်းဝစခန်း
(၂၀) ခဝဲဗျူဟာနှင့်
(၂၁) ချင်းလက်ဝ တိုဖြစ်သည်။

ပလက်ဝမြိုနယ်မှ စစ်ကောင်စီတပ်စခန်းပေါင်း ၂၁ ခုမှာ ရက္ခိုင့်တပ်တော်လက်အောက်သို ကျရောက်ပြီးဖြစ်ပြီး ကျန်ရှိနေသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့်
(၁)ခလရ-၂၃၃
(၂)ခမရ- ၃၇၄
(၃) ခမရ-၃၇၆
(၄) ခမရ-၃၀၈
(၅) ခမရ-၂၁၁
(၆) ခမရ- ၂၁၇
(၇) ခလရ- ၂၈၉
(၈) ခမရ-၂၂၀
(၉) မီးဝဗျူဟာ
(၁၀) ပွိင့် ၃၁၃ စသော စစ်ကောင်စီ၏ အခိုင်အမာအခြေချ တပ်စွဲထားသောတပ်စခန်းများအား တစ်ခုမကျန် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် နေ့ရောညည့်ပါ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိင့်တပ်တော်အနေဖြင့် ရက္ခိုင်ပြည်တွင်းရှိ ပြည်သူများအား နှစ်ရှည်လများဒုက္ခပေးနေသော ရန်သူ့တပ်စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီအဖွဲဝင် (မြန်မာ့တပ်မတော်သား) များအနေဖြင့် အသက်ချမ်းသာ၍ နှစ်ရှည်လများခွဲခွာနေရသော မိသားစုများနှင့်ပြန်လည်တွေ့ဆုံနိုင်ရန်အတွက် ပြည်သူရင်ခွင်ထဲသို (သိုမဟုတ်) ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံကြရန် နှလုံးရည်လှလှဖြင့် ဖိတ်ခေါ်လျှက်ရှိကြောင်းလည်း ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ