သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် သက်ကြီးပိုင်း အမျိုးသား ၁ ဦးရေနစ်သေဆုံး

AB News – ဇူလိုင် ၂၆ ၊ ၂၀၂၅

ချန်ဒြာ

ရက္ခိုင်ပြည် ၊ ပလက်ဝမြို့နယ် ဒိုးချောင်းဝတိုက်နယ် မွေလိုက်ဝကျေးရွာနေအမျိုးသား ၁ ဦးသည် ရေထဲမျောပါလာသော စက်လှေအားဆယ်ယူစဉ် ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရေနစ်မြှပ်သေဆုံးသွားသူမှာ မွေလိုက်ဝကျေးရွာမှ အသက် ၆၁ နှစ်အရွယ် ဦးလှထွန်းဖြူဖြစ်ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ဦးစိန်လင်းနှင့်အတူ ကုလက်ချောင်း (ဒေသအခေါ် လေးမြို့ချောင်း) အတိုင်းမျောပါလာသော စက်လှေ ၁ စင်းအား ဆယ်ယူရန်သွားစဉ် ရေစီးပြင်းသောကြောင့် ဦးစိန်လင်းသည် မွေလိုက်ဝချောင်းကမ်းတွင် ကျန်ခဲ့သည်။ ထို့နောက် ဦးလှထွန်းဖြူသည် စက်လှေနှင့်အတူ ကုလက်ချောင်းအတိုင်းမျောပါသွားပြီး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

“လေးမြို့ချောင်းမှာ စက်လှေ ၁ စီးမျောပါသွားတာကို ဆယ်ယူဖို့သွားတဲ့အခါမှာ ရေစီးပြင်းတဲ့အတွက် မျောပါသွားတာ။ သူက ၂ ရက်လောက် ပျောက်ဆုံးနေခဲ့တယ်။ ဒီနေ့မှာပဲ သူ့အလောင်းကို ပြန်တွေ့တာ” ဟု ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

ထို့နောက် ၎င်း၏ရုပ်အလောင်းကို ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒိုးချောင်းကျေးရွာရှိ ကမ်းစပ်၌တွေ့ရှိရပြီး ရွာသားများက ဝိုင်းဝန်းဆယ်ယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း ရသေ့တောင်မြို့နယ်ရှိ ခွဆုံရွာချောင်းကို ဖြတ်ကူးစဉ် အမျိုးသား ၁ ဦးရေနစ်မြုပ်သေဆုံးသွားခဲ့ရသည်။

ရက္ခိုင်တွင် ဇူလိုင်လအတွင်း ရေနစ်၍ သေဆုံးသူ ၇ ဦးထိရှိလာကြောင်း AB News ၏ သတင်းမှတ်တမ်းများအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ