Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲ၊ စကစ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲ

ပလက်ဝတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲ၊ စကစ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲ

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၃

ချင်းပြည်၊ ပလဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင််စီတို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စကစ ဖက်မှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲနေကြောင်း AB News ကစုံစမ်းသိရှိရသည်။

တရွန်အိုင်ဗျူးဟာကုန်းနှင့် နှုံးဘူးဗျူဟာကုန်းတို့အား ရက္ခိုင့်တပ်တော်က နိုဝင်ဘာလ ၁၄ ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တရွန်အိုင်ဗျူးဟာကုန်းအနီး နှင့် နှုံးဘူးဗျူဟာကုန်းအနီး စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ကုန်း ၂ ခုကြားကို လေယာဥ်နဲ့ ဗုံးကြဲနေတယ်၊ လက်နက်ကြီးတွေလည်းပစ်နေတယ် ၊ ကျနော်တို့လည်း ပြေးနေရတယ် ဟု ဆိုသည်။

၎င်းရွာအနီးရှိဒေသခံပြည်သူများလည်း ထွက်ပြေးနေကြရပြီး စားဝတ်နေရေးအခက်အခဲလည်းရှိလာနေသည်ဟု ဒေသခံများကပြောသည်။

ရက္ခိုင်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့သည် ၂ ဖက်တိုက်ပွဲ ပြင်းထန်နေသည်မှာ ၁၂ ရက်ကြာမြင့်လာပြီ ဖြစ်ပါသည်။

လက်ရှိတွင် AAဖက်မှ စစ်ကောင်စီ၏ စခန်း ၄ ခုအား သိမ်းထားပြီး စခန်း ၄၀ မှာ စခန်းစွန့်ခွာထွက်ပြေးသွား၍ သိမ်းပိတ်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေကြောင်း နှင့် ရေကြောင်း တို့ကိုအသုံးပြုက ပြည်သူများသို့ ဦးတည်ပစ်ခတ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ