Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်၊ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်တိုက်ခိုက်နေ

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် တရွန်အိုင်ရွာနားတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေပြီး စကစဖက်မှ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲနေကြောင်း သတင်းရရှိသည်။

AA နှင့် စကစ တို့သည် ယနေ့ နိုဝင်ဘာလ ၁၄ ရက်မေ့ မနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“တိုက်ပွဲ ဖြစ်တာနေတာ ကြာပါပြီ အခု အချိန်ထိ တိုက်နေတုန်း၊ စကစကလည်း ဂျက်လေယာဥ်နဲ့ တိုက်ခိုက်နေတယ် ” ဟုဆိုသည်။

တရွန်အိုင်အနီးရှိတောင်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေသည့်အပြင် ဂျက်တိုက်လေယာဥ်ဖြင့် ၃ ကြိမ်ခန့် လာရောက်ပစ်ခတ်နေကြောင်း သိရသည်။

ဂျက်လေယာဥ်လာချိန်၌ တိုက်ပွဲရပ်တန့်သွားပြီး ပြန်သွားလျှင် ၂ ဖက်တိုက်ပွဲ ရင်ဆိုင်ထိတွေ့နေကြသည် ဟု ဒေသခံများပြောသည်။

လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေပြီး စကစ တပ်ဖွဲ့ဝင်တစ်ချို့ သေဆုံးသွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ