Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် တရွန်အိုင်ရွာ စကစ ဗျူဟာကုန်းအား AAမှ သိမ်းပိုက်ရရှိ၊ ဗျူဟာကုန်း ၃ ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်နေ

ပလက်ဝတွင် တရွန်အိုင်ရွာ စကစ ဗျူဟာကုန်းအား AAမှ သိမ်းပိုက်ရရှိ၊ ဗျူဟာကုန်း ၃ ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်နေ

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စကစ၏ တရွန်အိုင်ရွာဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီး ကျန်ရှိသော ဗျူဟာကုန်း ၃ ကုန်းအားထပ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AB News ကထောက်လှမ်း သိရှိရသည်။

ထိုကုန်းကို ရက္ခိုင့်တပ်တော် AA၏ တပ်ဖွဲဝင်များ ယနေ့ မနက်ပိုင်း ၂ နာရီမှ စတင်ထိုးစစ်ဆင်တိုက်ခဲ့ရာ နေ့လည် ၁၂ နာရီ ၃၅ မိနစ်တွင် သိမ်းပိုက်ရရှိသွားကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“ဗျူဟာကုန်းကို သိမ်းပိုက်သွားပါပြီ၊ သူတို့ဖက်က လက်နက်ကြီးတွေ၊ ဂျက်လေယာဥ်တွေနဲ့လာပစ်လို ကြန့်ကြာသွားတာပါ၊ အခုတော့ AA က သိမ်းပိုက်ထားပါပြီ” ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် AA သည် စကစ၏ တရွန်အိုင်ရွာ ဗျူဟာကုန်းအား သိမ်းပိုက်ရရှိထားသည့်အပြင် တစ်ခြား နူးဗူး ဗျူဟာကုန်း၊ မြစ်ဝဗျူဟာကုန်း နှင့် ချင်းလက်ဝဗျူဟာကုန်းတို အား အရှိန်ပြင်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီတပ်စခန်းမှ စကစတပ်ဖွဲ့ဝင်များ အပြားသေဆုံး၍ ထွက်ပြေးသူများလည်း ရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် ၂ ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေ ပြီး AA ဖက်မှ လက်ဦးမှုရယူထားကြောင်း ဒေသခံများကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ