Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် ဆေးရုံးကြီး အနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝန်ထမ်း၏ သမီး ကလေးငယ် တစ်ဦး ဒဏ်ရာရ

ပလက်ဝတွင် ဆေးရုံးကြီး အနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝန်ထမ်း၏ သမီး ကလေးငယ် တစ်ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၈၊ ၂၀၂၃

ချင်းပြည်၊ ပလက်ဝမြို့ထဲသို့ အကြမ်းဖက် စကစ အဖွဲ့မှ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် ဆေးရုံးကြီးအနီးတောင်ဖက်ရှိ ဝန်ထမ်းနေဆောင်တွင် ကျရောက်ပေါက်ကွဲခဲ့ရာ ဆေးရုံဝန်ထမ်းအမျိုးသမီး၏ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်စထိမှန်သွားသူမှာ အသက် ၆ နှစ်အရွယ်ဖြစ်ပြီး နာမည်ကိုကား မသိရှိရသေးပေ။

ပလက်ဝအရှေ့ဖက်ကမ်း အခြေစိုက် ၂၈၉ တပ်ရင်းမှ ယနေ့ နံနက် ၁ဝ နာရီ ၄၈ မိနစ်က လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ဆေးရုံးဝန်ထမ်းအဆောင် အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ရာ

ခေါင်မိုးပွင့်သွားပြီး ကလေးငယ်တစ်ဦး ခြေထောက်၌ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ဒီ ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းက ပစ်တာပါ၊ ဝန်ထမ်းနေတဲ့အဆောင်အနီးမှာပေါက်ကွဲသွားတယ်၊ ခေါင်းမိုးပွင့်ထွက်သွားပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသူအား ပလက်ဝမြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း စုံစမ်းသိရှိရသည်။

၎င်းကိစ္စအား ဆက်လက်အတည်ပြုရန် AB News ကစုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။

ပလက်ဝမြို့ပေါ်ဆေးရုံသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့သည့်အတွက် ဒေသခံပြည်သူတစ်ချို့ ထွက်ပြေးနေကြရကြောင်း သိရသည်။

ယင်းအပြင် ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ရဟတ်ယာဥ်ဖြင့် ဗုံး ၆ လုံးကြဲချခဲ့ရာ ပလက်ဝမြို့နယ် စက်ပိုက်ပြင်ရွာမှ အသက် ၄၆ နှစ်အရွယ် ဦးသန်းမောင် နှင့် ဇာတိကိုင်းရွာမှ စစ်ဘေးရှောင်နေသော အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် လူနေအိမ်များသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခြင်း၊ ဂျက်လေယာဥ်များဖြင့် ဗုံးကြဲချခြင်း၊ ဒရုန်းများဖြင့် ကင်းထောက်ဗုံးချခြင်းများပြုလုပ်လာသည့်အပြင် ဆေးရုံများသို့ ပစ်မှတ်ထားလာခြင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ