Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စစ်ကောင်စီဖက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ တရွန်အိုင်ရွာသားအမျိုးသမီး ၂ ဦး သေဆုံး

ပလက်ဝတွင် စစ်ကောင်စီဖက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ တရွန်အိုင်ရွာသားအမျိုးသမီး ၂ ဦး သေဆုံး

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

ပလက်ဝမြိုနယ် တရွန်အိုင်ရွာ့ စစ်ကောင်စီမှ လက်နက်ကြီးကျည် ပစ်ခတ်၍ အမျိုးသမီး ၂ ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

တိုက်ပွဲ ပြင်းထန်နေသည့်အတွက် သေဆုံးသွားသော အမျိုးသမီး ၂ ဦး၏အမည်ကို မသိရှိရသေးပေ။

ရက္ခိုင့်တပ်တော် AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီဖက်မှလည်း လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ ဂျက်တိုက်လေယာဥ်တို့ဖြင့် ပစ်ခတ်လျက်ရှိနေသည်။

စစ်ကောင်စီသည် ရန်သူကို ထိတွေ့ပစ်မှတ်ထားခြင်းမဟုတ်ဘဲ အရပ်သားပြည်သူများကို ဦးတည်လှမ်းပစ်နေကြောင်း ဒေသခံ တစ်ဦးက AB News သိုပြောသည်။

” သူတို့က AA ကိုပစ်တာမဟုတ်ဘဲ လူတွေနေတဲ့ ရွာတွေကိုပဲ ဦးတည်ပစ်နေတာပဲ၊ ပြည်သူကိုဦးတည်ပစ်ခတ်နေတာပါ၊ လူ ၂ ယောက်တောင် သေသွားပါပြီ “ဟု ဆိုသည်။

တိုက်ပွဲသည် ဆက်လက်ပြင်းထန်နေပြီး ပြည်သူတစ်ချို့ ထွက်ပြေးနေရကြောင်း သိရသည်။

မည်သည့်အချိန်ထိ တိုက်ပွဲ ပြင်းထန်မည်ကို မသိရှိရသည့်အတွက် ထမင်းချက်စားရန်ပင် အလွယ်သည့် အခြေအနေတွင် ရှိနေကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားသူများအား အတည်ပြုနိုင်ရန် AB News က ဆက်လက်စုံစမ်းနေလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ