Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝကို ပလက်ဝမှာနေထိုင်သည့်သူများပိုင်ကြောင်း AA ပြော

ပလက်ဝကို ပလက်ဝမှာနေထိုင်သည့်သူများပိုင်ကြောင်း AA ပြော

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပလက်ဝမြို့ကို ပလက်ဝမှာနေထိုင်သည့်သူများ ပိုင်ကြောင်း  ရက္ခိုင့်တပ်တော် ၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။

လက်ရှိတွင် ပလက်ဝမြို့သည် စစ်ကောင်စီကင်းစင်နယ်မြေတစ်ခုဖြစ်လာသည့်အတွက်ပလဝဒေသကို မည်သူပိုင်သလဲ ဆိုလျှင် ပလက်ဝမှာ နေထိုင်သည့်သူများပိုင်ကြောင်း ULA/ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ပလက်ဝဒေသကို ဘယ်သူပိုင်သလဲဆိုရင် ပလက်ဝမှာ နေထိုင်တဲ့သူတွေပိုင်တယ်။ ဒါကတော့ကျနော်တို့ဖက်ကရှင်းရှင်းလင်းလင်းနဲ့ပြောချင်တဲ့အမြင်ပဲ ဖြစ်တယ်” ဟု ဆိုသည်။

ပလက်ဝဒေသအတွင်းရှိနေထိုင်ကြသည့် လူမျိုးစုထဲကြားမှ သင့်တော်သည့်သူများကို ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေးယန္တာရားများတွင် တာဝန်ခန့်အပ်သွားရန် အစီအစဥ်များ ရှိကြောင်းလည်းသိရသည်။

ပလက်ဝဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးကို ရက္ခိုင့်တပ်တော်မှတာဝန်ယူ စီစဥ်ထားရှိကြောင်း ခိုင်သုခကပြော ဆက်ပြောသည်။

“ပလက်ဝဒေသတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးကိုလည်းပဲ ကျနော်တို့က တာဝန်ယူပေးမယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျနော်တို့အားလုံးသူကို တန်းတူရည်တူ စီမံခန့်ခွဲနိုင်အောင်၊ ​နောက်ပြီးရင် အားလုံးသူ ပူးပေါင်းဆောင်ရွက်သွားမယ့်အစီအစဥ်တွေ ရှိပါတယ် ” ဟု ဆိုသည်။

၎င်းထဲတွင် အရည်အချင်းရှိသူများကို ဖိတ်ခေါ်နေခြင်းများရှိသကဲ့သို့ ရပ်မိရပ်ဖထဲက သင့်တော်သည့်ပုဂ္ဂိုလ်များကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်နေခြင်းများရှိကြောင်း သိရသည်။

ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ပလက်ဝဒေသမှ စခန်းကြီးများဖြစ်သော တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ ခဝဲဗျူဟာကုန်း၊ ချင်းလက်ဝဗျူဟာကုန်း၊ ပွိုင့် ၃၇၇ ဗျူဟာကုန်း၊ မီးဝဗျူဟာကုန်း၊ နှမဒါဗျူဟာကုန်း၊ ခန်ခါတောင်ဗျူဟာကုန်း၊ ထောက်ပို့ဗျူဟာကုန်း၊ခလရ ၂၈၉ တပ်ရင်းဌာနချုပ်၊ စကခ ၁၉ ရှေ့တန်းတပ်မဌာနချုပ်၊တပ်မ ၁၁ လက်အောက်ခံတပ်ရင်း တို့အား ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီး အကြမ်းဖက်စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖန်တီးထားခြင်းဖြစ်သည်ကို တွေ့ရသည်။

ဗျူဟာကုန်းများနှင့် စခန်းများလက်လွှတ်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက် စစ်ကောင်စီသည် ပလက်ဝမြို့နယ်အပါအဝင် မင်းပြားမြို့နယ်တို့ကို လေကြောင်းတိုက်မှုများ လက်ရှိအချိန်အထိ ပြုလုပ်လျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ