Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပန်းမြောင်းကျေးရွာမှ အရပ်သား ၇ဦးအား စစ်ကောင်စီအဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

ပန်းမြောင်းကျေးရွာမှ အရပ်သား ၇ဦးအား စစ်ကောင်စီအဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

AB News – ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာရှိ အရပ်သား ၇ဦးအား စစ်ကောင်စီအဖွဲ့က လူသားဒိုင်းကာအဖြစ် ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ စာသင်ကျောင်းရပ်ကွက်မှ ဦးကျော်မင်းစိုး ၃၀နှစ်၊ ဈေးပိုင်းရပ်ကွက်မှ ဦးသန်းမောင်ကြီး ၅၃နှစ်၊ ဒေါ်သန်းသန်း ၅၀နှစ်နှင့် ဒေါ်စံပယ်လှိုင် ၃၄နှစ်၊ ဥယာဥ်သာရပ်ကွက်မှ ဦးကျော်ဆန်းထွန်း ၂၃နှစ်နှင့် ဦးလှထွန်းကျော် ၆၇နှစ်၊ သာအေးမြိုင်ရပ်ကွက်မှ ဦးဇော်မင်းဦး ၂၃နှစ်တို့ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ရက် ညဥ့်အချိန်တွင် စစ်ကောင်စီအဖွဲ့သည် ပန်းမြောင်းရွာမှ အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၅ဦးအား လူသားဒိုင်းကာအဖြစ် ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသား ၁ဦးက ပြောသည်။

“မနေ့က ညဥ့်အချိန်မှာ စစ်ကောင်စီအဖွဲ့ဟာ ပန်းမြောင်းရွာသို့ ဝင်ပြီး ​ရွာသား ၇ဦးအပြင် နောက်ထပ် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ဖမ်းခေါ်သွားတယ်” ဟုဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ပန်းမြောင်းကျေးရွာမှ ရွာသား ၇ဦးအပါအဝင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုတွေပါ ဖမ်းခေါ်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နေ့လည် ၃နာရီအချိန်တွင် စစ်ကောင်စီအဖွဲ့မှ Mi-35 ရေဟတ်ယာဥ် ၁စီးအပါအဝင် လေယာဥ် ၂စီးဖြင့် ပန်းမြောင်းရွာအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ