Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နှုံးဘူးဗျူဟာကုန်းအား အပြီးအပိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်

နှုံးဘူးဗျူဟာကုန်းအား အပြီးအပိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်

သတင်းအပြည့်အစုံကို ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက်တွင် ဖတ်ရန်

ရက္ခိုင်ဒေသတိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

ရက္ခိုင့်တပ်တော် (AA) သည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် တရွန်အိုင်ဗျူဟာ နှင့် နှုံးဘူးဗျူဟာ စခန်းနှစ်ခုစလုံးတို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး “တရွန်အိုင်ဗျူဟာ ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။

နောက်ထပ် အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော နှုံးဘူးဗျူဟာ အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်သူသည် မိမိတို့၏ တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့မှ ၎င်းဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ “နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ပေါက်တောမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အခြားတစ်ဘက်တွင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများထဲမှ အချို့သည် မိမိတို့အား လာရောက်တိုက်ခိုက်သောကြောင့် နေရာအချို့တွင် ရင်ဆိုင်ထိတွေ့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၆) နာရီ (၁၀) မိနစ်ခန့်တွင် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ “တောဟိန်းတောင်”ဗျူဟာမှ အမ်းမြို့နယ်၊ တဲဖျားရွာအနီးသို့လည်းကောင်း၊ ညနေ (၇) နာရီ (၅၆) မိနစ် အချိန်ခန့်တွင် အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းရှိ ရန်သူ၏ စခန်းကုန်းတစ်ခုမှ အမ်းမြို့နယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များရှိရာ နေရာသို့လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော နှုံးဘူး ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည့် အာရက္ခ စစ်သည်တော်များနှင့် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ အားလုံးကို လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ