Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နှုံးဘူးဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ၊ နှစ်ဖက်တိုက်ပွဲပြန်ထန်လျက်ရှိ

နှုံးဘူးဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ၊ နှစ်ဖက်တိုက်ပွဲပြန်ထန်လျက်ရှိ

AB News-ဒီဇင်ဘာ ၆၊ ၂၀၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအဖွဲ့၏ နယ်စပ် စခန်းတစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းအား ၂၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး၊ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း AA ကထုတ်ပြန်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့က စကစ၏ တရွန်အိုင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဖက်မှ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်မှစတင်၍ ဂျက်လေယာဉ် များ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံစစ်ကိုဆင်နွှဲနေသကဲ့သို့ ရက္ခိုင့်တပ်တော်ဘက်မှလည်း အဆိုပါဗျူဟာကုန်းအား အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာပြင်းထန်လျက်ရှိသည် ဟု AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီအဖွဲ့သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး၊ နိုင်ငံရေး ဆုံးရှုံးနေသည့်အတွက် ပြည်သူများကို ဦးတည်ပြီး ဖမ်းဆီးထောင်ချမှုများပြုလုပ်လာခဲ့ပြီး၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ