Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နွေရာသီတွင် မီးဘေးအန္တရာယ်ကို အထူးသတိပြုကြရန် ရက္ခိုင့်တပ်တော်သတိပေး

နွေရာသီတွင် မီးဘေးအန္တရာယ်ကို အထူးသတိပြုကြရန် ရက္ခိုင့်တပ်တော်သတိပေး

ABN-ကိုဟိန်းထွန်း

ယခုနှစ်အတွင်း ဆရာတော်တစ်ပါးအပါအဝင် လူသုံးဦးထက်မနည်း မီးလောင်ပြီး သေဆုံးသွားခဲ့ရပြီဖြစ်သောကြောင့် ရခိုင်ပြည်သူများ မီးဘေးအန္တရာယ်ကိုအထူးသတိပြုရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် ULA/AA၏ ( ၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ၎င်းတို့မှာ ဒေါ်မစောသာ အသက် ၈၈ နှစ်၊ ဦးပဏ္ဍဝ သက်တော် ၇၂ နှစ် နှင့် ကိုမောင်သန်းစိုး အသက် ၃၉ နှစ်တို့ ဖြစ်ကြသည်။

“ဆရာတော်တစ်ပါးအပါအဝင်ပေါ့ လူသုံးဦးထက်မနည်း မီးလောင်ပြီးသေဆုံးခဲ့ပါတယ်၊ တခြားသောအိုးအိမ်များလည်း ပျက်စီးဆုံးရှုံးမှုအများကြီးရှိလာနေပါတယ်၊ နွေရာသီဆိုတော့ မိဘပြည်သူများအနေနဲ့ မီးကိုအထူးသတိပြုဖို့ လိုအပ်တယ်” ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက သတိပေးပြောဆိုခဲ့သည်။

၎င်းအပြင် မီးဘေးအန္တရာယ် ကြိုတင်တားဆီးရေး လုပ်ငန်းစဥ်များကိုလည်း အမျိုးသားရေးတာဝန် တရပ်လို သဘောထားပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုတင်လုပ်ဆောင်ထားသင့်ကြောင်း ဆက်၍ ပြောသည်။

“ပြည်သူများအနေနဲ့ မီးဘေးအန္တရာယ် ကြိုတင်တားဆီးရေး လုပ်ငန်းစဥ်တွေကို အမျိုးသားရေးတာဝန်တစ်ရပ်လို သဘောထားစေချင်ပါတယ်၊ အားလုံးသူ ဝိုင်းဝန်းပူးပေါင်းလို့ကြိုတင်လုပ်ဆောင် စေချင်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်များကလည်း စစ်ဘေးရှောင်စခန်းများအပါအဝင် လူသေဆုံးမှုနှင့် လူနေအိမ်များစွာ ပေါ့ဆမီးများကြောင့် မီးလောင် ပြာကျခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ