Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် မောင်မျိုးချစ်စိုး တရားသေလွတ်မြောက်လာ

စစ်တွေတွင် အစိုးရရုံးအနီး အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်း အသတ်ခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ မြို့မရဲစခန်းမှ ဖမ်းဆီးကာ တရားရင်ဆိုင်နေရသည့် မောင်မျိုးချစ်စိုး ယနေ့ တရားသေလွတ်မြောက်လာကြောင်း သိရသည်။

မောင်မျိုးချစ်စိုး အသက် ၁၉ နှစ်မှာ ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက အပြစ်မရှိကြောင်း ထင်ရှားသဖြင့် တရားသေလွတ်မြောက်လာပြီဖြစ်ကြောင်း စစ်တွေခရိုင်တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

“အမှုမှာ တစ်ခုလည်း သက်သေအထောက်အထား ငြိစွန်းမှုမရှိ၊ မျက်မြင်သက်သေလည်းမရှိ၊ ပတ်ဝန်းကျင်သက်သေအထောက်အထားလည်း မရှိတာကြောင့် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၈ (၁) အရ အပြီးသတ်လွတ်တာပါ” ပြောသည်။

မောင်မျိုးချစ်စိုးမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က မြို့မရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ မနွယ်သန္တာဝင်း အသတ်ခံခဲ့ရသည့် ဆိုင်ဘေးကပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် သြဂုတ်လ ၁၅ ရက်နေ့က ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ “Luminous/Livguard“ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေစဉ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

နွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် မောင်မျိုးချစ်စိုး တရားသေလွတ်မြောက်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ