Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နေဗီ ၂၆ စီးဖြင့် ရခိုင်ပြည်ကို တိုက်ရန် စစ်ကောင်စီတပ် နေရာချထား

နေဗီ ၂၆ စီးဖြင့် ရခိုင်ပြည်ကို တိုက်ရန် စစ်ကောင်စီတပ် နေရာချထား

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရခိုင်ပြည် ပင်လယ်ပြင်အနှံ့တွင် စစ်ကောင်စီဖက်မှ နေဗီ ၂၆ စင်းဖြင့် တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်ထားပြီး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းနေဗီများထဲတွင် စစ်ကောင်စီတပ်မူရင်းရှိ နေဗီ ၂၂ စီးနှင့် ရုရှားမှ ဝယ်ယူထားသည့် ၄ စီးတို့ ပါဝင်ကြောင်း သိရသည်။

ရုရှားမှ ရေတပ်စစ်သင်္ဘော ၄ စီးကို မာန်အောင်ကျွန်းတွင် ၂ စီး၊ စစ်တွေမြို့တွင် ၂ စီး တပ်ဖြန့်ညနေရာချထားပြီး ၎င်းတို့တွင် ရေငုတ်သင်္ဘော ၁ စီးစီပါရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင် ရေတပ်စခန်းတွင် ၁ နှင့် စနဲဖက်တွင် ၁စီးတို့ကို တပ်ဖြန့်ချထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်း၊ ဂိတ်များကို စုံစမ်းစစ်ဆေးနေချိန်အတွင်း ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးမှုပြုလုပ်လာလျှင် ပင်လယ်ပြင်ထဲမှနေပြီး လှမ်းပစ်မည်ဟု သိရကြောင်း မာန်အောင် ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စကစတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ သွားလမ်းလာလမ်းကို စစ်ဆေးသွားမယ်၊ AA တွေဝင်ပြီးဖမ်းဆီးရင်တော့ ပင်လင်ထဲကနေပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်မယ်၊ ပြာကျသွားအောင်ပစ်မယ်” ဟု သိရကြောင်း ဆိုသည်။

စစ်ကောင်စီ၏ ရေတပ်သင်္ဘောများသည် ပင်လယ်ပြင်မှ ပစ်မှတ်များကို ချိန်ကိုက် ပစ်ခတ်နိုင်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအပြင် ထိုနေဗီတွင် လက်နက်ခဲယမ်းအပြည့်အစုံ တပ်ဆင်ထားသည့် ( Speed Boat) အမြန်ယာဥ် ၂ စီးပါရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီသင်္ဘောများသည် မာန်အောင်ကျွန်း ပင်လယ်ရေပိုင်နက်မှ ​နေပြီး စစ်တွေမြို့ရေပိုင်နက်အထိ ပင်လယ်ပြင်တွင် အဆင်သင့် တပ်ဖြန့်ထားကြောင်း AB News မှ ထောက်လှမ်း သိရှိရသည်။

၂ ဖက်တိုက်ပွဲဖြစ်လျှင် မြေပုံမြို့နယ် ငပသုန်ကျွန်းသာယာ တောင်ပေါ်မှစစ်ကောင်စီလက်နက်ကြီး ဗျူဟာကုန်းများ၊ မင်းပြားမြို့နယ် သစ်ပုတ်တောင်ရေတပ်လက်နက်ကြီးစခန်းများ နှင့် ကျောက်ဖြူမြို့နယ် အပါအဝင် အခြားရေတပ်စခန်းများမှလည်း

လက်နက်ကြီးများဖြင့်ပစ်ခတ်မည်ဟု သိရသည်။

ထို့အပြင် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း အင်းဒင်စခန်း အနီးတွင် ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က စကစ နေဗီ ၂ စီးရောက်ရှိနေကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း ၅၀ နာရီ ၃၀မိနစ်၌ တွင် ရက္ခိုင့်တပ်တော် AA မှ ပထမနေ့အဖြစ် ပွဲဦးထွက်တိုက်ပွဲအား ထိုးစစ်ဆင်တိုက်ခိုက်ရာ ရသေ့တောင်မြို့နယ်မှ စခန်း ၂ ခုသိမ်းပိုက်ရရှိပြီး၊ မင်းပြားမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့ကို အရှင် ဖမ်းဆီးရမိကာ စစ်ကား တစ်စီးမီးရှို့ခံရ၍ တစ်စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းမှ စစ်ကောင်စီရဲသားများမှာလည်း ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချ အလင်းဝင်သွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ