Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နေပြည်တော်မှ အမိန့်စာ မရောက်၍ မောင်တောခရိုင် ပညာရေးဝန်ထမ်းများ လစာပုံမှန် မရခြင်းဖြစ်ဟုဆို

ABN-ရာဟု

မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများ ဇန်နဝါရီလအတွက် ပုံမှန် လစာငွေ နှစ်ဆမရရှိခြင်းမှာ နေပြည်တော်မှ အမိန့်စာ မရောက်ရှိခြင်းကြောင့်ဟု မောင်တောခရိုင်ပညာရေးမှူးက ပြောသည်။

မောင်တောခရိုင်ပညာရေးမှုရုံးသို့ နေပြည်တော်မှ ၃ လတစ်ကြိမ် သက်တမ်းတိုးသည့်စာ ညွှန်ကြားစာ ပုံမှန်ရောက်နေသော်လည်း ယခုဇန်နဝါရီလတွင် အမိန့်စာမရောက်ရှိခြင်းကြောင့် ပညာရေးဝန်ထမ်းများကို လစာငွေနှစ်ဆ မထုတ်ပေးခြင်းဖြစ်ပြီး အမိန့်စာရောက်ရှိလာလျှင် ရောက်သည့်နေ့တွင် လစာငွေထုတ်ပေးမည်ဟု ၎င်းကပြောသည်။

သူတို့ကပုံမှန်ပေးတာမဟုတ်ဘူး နေပြည်တော်ရုံးချုပ်က ညွန်ကြားချက်နဲ့ ၃လတစ်ကြိမ်စီ သက်တမ်းတိုး အမိန့်စာခွင့်ပြုချက်နဲ့ ထုတ်ပေးနေတာ။ ခုကခွင့်ပြုချက် မကျသေးလို့ မထုတ်ပေးတာ ။ ဘဏ်မှာငွေမရှိဆိုတာ မဟုတ်ပါဘူး ငွေကရှိပါတယ်။ ခွင့်ပြုချက်ကျရင် ကျတဲ့နေ့ထုတ်ပေးမှာ ဟုမောင်တောခရိုင်ပညာရေးမှူးဦးအောင်မြင့်သိန်းက ABNကိုပြောဆိုသည်။

မောင်တောမြို့မှာ နယ်စပ်မြို့ ဖြစ်တာကြောင့် ကုန်ဈေးနှုန်းမှာ တခြားနေရာများထက် ၂ ဆခန့် မြင့်တက်နေခြင်းကြောင့် လစာ ၂ ဆ မရလျှင် အဆင်မပြေနိုင်ကြောင်း အလယ်တန်းပြ ဆရာမ တစ်ဦးက ပြောသည်။

“ကျမတို့ နေရတာက နေစပ်မြို့ပါ။ သိတဲ့အတိုင်းပဲ ဒီမွာက ဈေးက ကြီးတယ်။ လစာ ၂ ဆသာ မရရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး” ဟုဆိုသည်။

မောင်တောခရိုင်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသဖြင့် မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကစကာ လစာနှစ်ဆခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ အမိန့်စာ မရောက်၍ မောင်တောခရိုင် ပညာရေးဝန်ထမ်းများ လစာပုံမှန် မရခြင်းဖြစ်ဟုဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ